BBC navigation

နိုင်ဂျီးရီးယား အားကစား ပြုပြင် ပြောင်းလဲဖို့ လိုအပ်

နောက်ဆုံး ရေးသားချိန် 16 သြဂုတ်လ 2012 - 16:36 GMT
Nigeria President

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန်

မကြာသေးခင်က ကျင်းပ ပြီးစီး သွားခဲ့တဲ့ ကမ္ဘာ့ အိုလံပစ် အားကစား ပွဲတွေမှာ နိုင်ဂျီး ရီးယား နိုင်ငံက ဆုတံဆိပ် တစ်ခုမှ မချိတ် ခဲ့တဲ့ အတွက် သူတို့ နိုင်ငံရဲ့ အားကစား ကဏ္ဍကို လုံးဝ ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ သမ္မတ ဂွတ်လပ် ဂျွန်နသန်က အမိန့် ပေးခဲ့ ပါတယ်။

အာဖရိကတိုက်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ နိုင်ဂျီး ရီးယား နိုင်ငံက အားကစား ပွဲတွေ အတွက် ဒေါ်လာငွေ ၁၅ သန်း ကုန်ကျ ခံခဲ့တာ ဖြစ်ပါတယ်။

ပြန်ကြားရေး ဝန်ကြီး လာဘရန် မာကူ Labaran Maku က ရီယို မြို့မှာ ကျင်းပမယ့် လာမယ့် အိုလံပစ် ပွဲတွေ ကျရင်တော့ အားကစားပွဲ တွေကို သတ်သတ် မှတ်မှတ် အာရုံ စူးစိုက်ပြီး ပြတ်သားတဲ့ ရည်မှန်းချက် ထား လုပ်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ပြိုင်ပွဲတွေ တုန်းကတော့ နိုင်ဂျီးရီးယားဟာ ဆုတံဆိပ် တချို့ ပိုက်ပြီး အိမ်ပြန် လာရလေ့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။