BBC navigation

တောင်အာဖရိက တွင်းသပိတ် ပစ်ခတ်မှု လူသေ

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 01:57 GMT
south africa

လူမျိုး ခွဲခြားတဲ့ခေတ် နောက်ပိုင်း အသေ အများဆုံး

တောင်အာဖရိက ရဲက ထောင်နဲ့ ချီပြီး ဆန္ဒပြ နေတဲ့ တွင်းတူး အလုပ်သမား တွေကို သေနတ်နဲ့ ပစ်လို့ သေဆုံး ဒဏ်ရာ ရသူ များပါတယ်။

ဒါဟာ အပါသိုက် ခေါ်တဲ့ လူမျိုး ခွဲခြားတဲ့ ခေတ် နောက်ပိုင်း အသေ အပျောက် အများဆုံး တွင်းတူး လုပ်သား သပိတ် ဖြစ်ပါတယ်။

ဂျိုဟန်နစ္စဘတ် မြို့ အနောက်မြောက် ဘက် မိုင် ၆ဝ လောက် ဝေးတဲ့ ပလက်တီနမ် သတ္တုတွင်း အပြင် ဘက်မှာ အလောင်း ၁၈ လောင်း လောက် တွေ့တယ်လို့ မျက်မြင် သက်သေက ဘီဘီစီကို ပြောပါတယ်။

ဓားကောက်တွေ လှံတွေ တင်းပုတ်တွေ ကိုင်ထားတဲ့ ဆန္ဒပြ သမား တွေကို ရဲက လက်နက် ချဖို့ ပထမ အမိန့် ပေးတယ်လို့ သူက ဆိုပါတယ်။

မျကရည်ယို ဗုံး မီးသတ်ပိုက် တွေနဲ့ လူစု ခွဲလို့ မရတော့ ရဲက ၂ မိနစ် လောက် သေနတ်နဲ့ ပစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဂျက်ကော့ ဇူးမားက အသက် ဆုံးရှုံးရမှု အတွက် အလွန် ကြေကွဲမိတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။