BBC navigation

တောင်အာဖရိက အဓိကရုဏ်း ကော်မရှင်ဖွဲ့ စုံစမ်းမယ်

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 00:41 GMT

တောင်အာဖရိက သမ္မတ Jacob Zuma

တောင်အာဖရိကမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ထောင်နဲ့ချီတဲ့ ဆန္ဒပြ မိုင်းတွင်းလုပ်သားတွေကို ရဲက ပစ်ခတ်နှိမ်နင်းမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် သမ္မတ Jacob Zuma က ဒီကိစ္စအတွက် ကော်မရှင်ဖွဲ့ စုံစမ်းမယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် လူ၃၄ယောက် သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဆန္ဒပြမှု နောက်ကွယ်က အဖွဲ့အစည်း ဖြစ်တဲ့ တရားမဝင် အလုပ်သမား သမဂ္ဂ ဥက္ကဌ က ဘီဘီစီကို ပြောကြားရာမှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ အဖွဲ့ကို ပြစ်တင် ပုံချနေတာကြောင့် အခုလိုလွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာဟာ ပိုပြီး သင့်လျော်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ မိသားစုတွေကို မိုင်းတွင်း ပိုင်ရှင် ကုမ္ပဏီက ကူညီ ထောက်ပံ့မယ်လို့ ဆိုပေမယ့် ဆန္ဒပြမှုတွေကတော့ တရားမဝင်ဘူးလို့ ဆိုပါတယ်။

တရားမဝင် ဖွဲ့စည်းထားတဲ့ အလုပ်သမား သမဂ္ဂက မိုင်းတွင်း လုပ်သားတွေဟာ တလကို လစာ ဒေါ်လာ တထောင်ကျော် ထိ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။