BBC navigation

ရုရှား သမ္မတကို ဆန့်ကျင်တဲ့ ဂီတအဖွဲ့ကို ထောင်နှစ်နှစ်ချ

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 00:34 GMT

ထောင်နှစ်နှစ်ချခံရတဲ့ Pussy Riot အဖွဲ့ဝင်တွေ

ရုရှားမှာ အမျိုးသမီး အဖွဲ့ဝင် သုံးယောက် ပါတဲ့ Pussy Riot ပူစီ ရိုင်းရော့ ပန့်ခ် ဂီတအဖွဲ့ကို မော်စကိုက တရားရုံးတခုက ရမ်းကားမှုနဲ့ အပြစ် ရှိကြောင်း ထောင်နှစ်နှစ် စီရင်ချက် ချလိုက်ပါတယ်။

ဒါဟာ ရုရှားမှာ အခုနှစ်ပိုင်းတွေ အတွင်း လူတွေ အနီးကပ် အာရုံစိုက် စောင့်ကြည့်ခဲ့တဲ့ စီရင်မှုတွေထဲက တခုအပါအဝင် ဖြစ်ပြီး ဒီအမျိုးသမီးတွေဟာ ဘာသာရေး မုန်းတီးမှု ဖြစ်စေတဲ့ ပြစ်မှု ကျူးလွန်ခဲ့ကြတယ်လို့ တရားသူကြီးက ပြောပါတယ်။

ဒီ ပြစ်ဒဏ် စီရင်ချက်က မျှတမှု မရှိဘူးလို့ အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂတို့က ဆိုပါတယ်။

ဒီ ဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက မြို့လယ်က ဘုရားရှိခိုးကျောင်းမှာ သမ္မတ ပူတင်ကို ဆန့်ကျင်တဲ့ သီချင်းတွေ ဖျော်ဖြေခဲ့ ပြီးတဲ့နောက် မတ်လကတည်းကစလို့ အခုအထိ ထောင်ချ ခံနေရတာ ဖြစ်ပါတယ်။

စီရင်ချက်ချချိန် ကာလအတွင်း တရားရုံး အပြင်ဖက်မှာ ဒီဂီတအဖွဲ့ကို ထောက်ခံသူတွေကော ဆန့်ကျင်သူတွေ နှစ်ဖက် စလုံးက ကြွေးကြော်သံတွေ ကျယ်လောင်စွာ အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။