BBC navigation

သမ္မတဇူးမား နုတ်ထွက်ဖို့ မလဲမာတောင်းဆို

နောက်ဆုံး ရေးသားချိန် 19 သြဂုတ်လ 2012 - 00:42 GMT
sa_miners

မိုင်းလုပ်သားတွေကို ရဲကပစ်ခတ်နေစဉ်

တောင်အာဖရိက နိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုင်းလုပ်သား ၃၄ ဦးကို ရဲက ပစ်ခဲ့တာကို အာဏာရ အေအန်စီ ပါတီ ရဲ့ အရင်က လူငယ်ခေါင်းဆောင် ဂျူးလီးယပ်စ် မလဲမာ က ရှုပ်ချလိုက်ပါတယ်။

အဲဒီ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ နေရာမှာ တက်ရောက်လာတဲ့ လူထုကြီးကို မစ္စတာ မလဲမာက မိန့်ခွန်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ သူက လက်ရှိ သမ္မတ ဂျက်ကော့ဘ် ဇူးမားကို ဆက်ပြီး မယုံကြတော့ဖို့နဲ့ မစ္စတာ ဇူးမားကိုလည်း နုတ်ထွက် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မစ္စတာ မလဲမာ က သမ္မတ ဇူးမား ဟာ ရဲတွေကို အင်အား အစွမ်းကုန် သုံးဖို့ သာ ပြောခဲ့ကြောင်း၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ မပြောခဲ့တဲ့ အကြောင်း၊ တာဝန်ယူတတ်တဲ့ သမ္မတ မျိုးကသာ ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ အမိန့်ပေး တတ်တဲ့ အကြောင်းနဲ့ ဒီ သေဆုံးခဲ့ရမှုတွေကြောင့် သူသမ္မတ ရာထူးကနေ ဆင်းဖို့ သင့်တဲ့ အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

သမ္မတရဲ့ ပြောခွင့် ရသူကတော့ ဒီလို စက်မှု ဇုန်အတွင်းမှာ ပစ်ခတ်မှု ကိစ္စကို စုံစမ်းစစ်ဆေး မယ်ဆိုရင် အကြောင်းရင်း ဖြစ်တဲ့ ပြီးခဲ့တဲ့ သတင်းပတ် အစောပိုင်းက ဖြစ်ပွား ခဲ့တဲ့ ရဲ ၂ ဦး အပါအဝင် လူ ၁၀ ဦး သေဆုံး ခဲ့ရတဲ့ လုပ်ငန်းခွင် အငြင်းပွားမှု တွေနဲ့ စခဲ့တဲ့ တိုက်ခိုက်မှု တွေကို အရင် စုံစမ်းရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။