BBC navigation

တောင်အာဖရိက သမ္မတ ရာထူးက ထွက်ပေးရေး တောင်းဆို

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 15:36 GMT

မိုင်းတွင်း အလုပ်သမားတွေက သူ့ကို ထောက်ခံ ကြပါတယ်

တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား ရာထူးကဆင်းပေးဖို့ အာဏာရ ANC ပါတီရဲ့ လူငယ်အဖွဲ့ချုပ် ခေါင်းဆောင်ဟောင်း ဂျူးလီးရပ်စ် မက်လဲမာ က တောင်းဆို လိုက်ပါ တယ်။

တောင်အာဖရိက နိုင်ငံမှာ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းလုပ်သား ဆန္ဒပြမှုတွေ အတွင်း ရဲကပစ်ခတ်ခဲ့တဲ့ နေရာမှာ မစ္စတာ မက်လဲမာက မိုင်းလုပ်သားတွေကို စကား ပြောကြားခဲ့ရာမှာ အခုလို တောင်းဆို သွားတာ ဖြစ်ပါတယ်။

မိုင်းလုပ်သားတွေ သေကျေ ထိခိုက်ဒဏ်ရာ ရရှိသွား ကြတဲ့ အပေါ် မစ္စတာ မက်လဲမာက ရဲတပ်ဖွဲ့ကို ရှုတ်ချ ပြောဆိုသွားတာကို မိုင်းလုပ်သားတွေက သူ့ကို ကောင်းချီး ပေးကြပါတယ်။

မစ္စတာ မက်လဲမာက သမ္မတ ဇူးမားကို မယုံကြည်သင့်တော့ ဘူးလို့လည်း ပြောကြားသွားခဲ့ပါတယ်။ သမ္မတကတော့ အခုလို သတ်ဖြတ်မှုတွေကို စုံစမ်း စစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်း ပေးမယ်လို့ ကြေညာထား ပါတယ်။

သေကျေ ထိခိုက် ဒဏ်ရာ ရရှိသွားကြတဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစုတွေဟာ ဆေးရုံတွေကို တရုံဝင် တရုံထွက် သွားရောက်ပြီး သူတို့ရဲ့ မိုင်းလုပ်သား ဆွေမျိုးတွေကို ရှာဖွေ နေကြပါတယ်။

ရဲတပ်ဖွဲ့နဲ့ မိုင်းတွင်း ကြီကြပ်သူတွေဟာ သေဆုံးသွားသူ ၄၃ ယောက်နဲ့ တခြားထိခိုက် ဒဏ်ရရသူတွေရဲ့ စာရင်းကို ထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ မိုင်းလုပ်သားတွေရဲ့ ဇနီးသည်တွေက ပြောပါတယ်။

ရဲကတော့ မိုင်းတွင်း ကြီးကြပ်သူတွေနဲ့ အတူ စာရင်း ထုတ်ပြန်ပေးပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဖမ်းဆီးခံခဲ့ရသူ မိုင်းလုပ်သား ၂၀၀ ကျော်ရဲ့ နာမည်တွေကိုတော့ မထုတ်ဖေါ် နိုင်သေး ဘူးလို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။