BBC navigation

အက်ဆန့် လူထုကို စကားပြောခဲ့

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 00:58 GMT
_julian-assange

အီကွေဒေါ သံရုံးကပေါ်က စကားပြောနေတဲ့ ဂျူလီယန် အက်ဆန့်

ဝစ်ကီလိခ်ကို တည်ထောင်သူ ဂျူလီယန် အက်ဆန့်ဟာ လန်ဒန်မြို့မှာ ရှိတဲ့ အီကွေဒေါ သံရုံးရဲ့ ဝရန်တာ ပေါ်က လူထုကို စကားပြောကြား ခဲ့ပါတယ်။

သူ့ကို ဆွီဒင် နိုင်ငံမှာ လိင်စော်ကားမှု တွေနဲ့ ရုံးတင်စစ်ဆေးမယ့် ကိစ္စတွေကို ရှောင်ရှား နိုင်ဖို့ အတွက် အီကွေဒေါ သံရုံးထဲကို ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ထွက်ပြေး ဝင်ရောက်သွား ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အက်ဆန့်က သူ့ကို ခိုလှုံခွင့် ပေးခဲ့တဲ့ အီကွေဒေါ နိုင်ငံကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုကိုတော့ ဒေါသတကြီး ဝေဖန် ပြောဆိုခဲ့ပါတယ်။

သူက ဝါရှင်တန်ဟာ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြား သွားခဲ့တဲ့ကိစ္စနဲ့ သူ့ကို အရေးမယူသွားဖို့ အတွက် ကတိပေးဖို့ ကိုလည်း ပြောကြား သွားခဲ့ပါတယ်။

မစ္စတာ အက်ဆန့်ကို အခုလို အီကွေဒေါ သံရုံးမှာ တွေ့ခဲ့ရတဲ့ သူ့ကို ထောက်ခံသူ တဦး ကတော့ သူ့ရဲ့ လုပ်ရပ် တွေနဲ့ ပတ်သက်လို့ လေးစား တဲ့အကြောင်း၊ အက်ဆန့်နဲ့ အီကွေဒေါ အစိုးရအကြား တို့အကြား သတင်းလွတ်လပ်မှု အတွက် ဆက်လုပ် ဖြစ်ကြ မယ်လို့ သူထင်တဲ့ အကြောင်းကို ပြောသွား ခဲ့ပါတယ်။

တချိန်ထဲမှာပဲ တောင်အမေရိက နိုင်ငံများ သမဂ္ဂက အီကွေဒေါ နိုင်ငံက မစ္စတာ အက်ဆန့်ကို ခိုလှုံခွင့် ပေးခဲ့တဲ့ ကိစ္စကို ထောက်ခံလိုက်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။