BBC navigation

ဂူကိုင်လိုင်း အမှုကို စီရင်ချက်ချတော့မယ်

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 00:47 GMT
gu_kailai

စီရင်ချက်ချခံ ရတော့မယ့် ဂုကိုင်လိုင်

တရုတ် နိုင်ငံ မှာတော့ နာမည် ပျက်ခဲ့ရတဲ့ နိုင်ငံရေး သမား ဘိုရှီလိုင်း ရဲ့ ဇနီး ဂူကိုင်လိုင်း ရဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံးက ဒီနေ့ စီရင်ချက် ချမှာ ဖြစ်ပါတယ်။

ဂူကိုင်လိုင်း ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ချုံကင်းက ဟိုတယ် တခုမှာ ဗြိတိသျှ စီးပွားရေး သမား နီးလ် ဟေးဝုဒ်ကို သတ်ခဲ့တဲ့ အကြောင်းကို ဝန်ခံ ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ အမှုကြောင့် ချုံကင်း ကွန်မြူနစ် ပါတီရဲ့ အတွင်းရေးမှုး ဖြစ်ပြီး အောင်မြင်နေတဲ့ နိုင်ငံရေး သမားဖြစ်တဲ့ သူမအမျိုးသားကိုပါ ထိခိုက်သွား ခဲ့ရပါတယ်။

ဒီကိစ္စက ဒီနှစ် ကုန်ပိုင်းမှာ ပြုလုပ်မယ့် ကွန်မြူနစ် ပါတီရဲ့ ပါတီ ခေါင်းဆောင်ပိုင်း လွှဲပြောင်းရေး ကိစ္စတွေကို အရိပ်မည်းကြီး ထိုးနေခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။