BBC navigation

ဆိုမာလီနိုင်ငံမှာ ပါလီမန်သစ်စ

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 16:52 GMT

ဆိုမာလီ ပါလီမန်သစ် အစ

ဆိုမာလီနိုင်ငံမှာ ၁၉၉၁ ခုနှစ်က အစိုးရကို ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ပထမဆုံအကြိမ် ပါလီမန်အသစ်ကို အခု စတင်ကျင်းပနေပါပြီ။

ဆိုမာလီနိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်တွေက စိစစ်ရွေးချယ်ခဲ့တဲ့ ပါလီမန်အမတ်တွေ ဒီကနေ့ပါလီမန်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

ပါလီမန်အသစ်ကနေ ပါလီမန်ဥက္ကဌ ကို ရွေးချယ်မှာ ဖြစ်ပြီး ပါလီမန်ဥက္ကဌဟာ ကြားဖြတ်အစိုးရ နဲ့အတူ လုပ်ပိုင်ခွင့် အာဏာကုန်ဆုံးမယ့် သမ္မတ ရှိတ်ရှရိဖ် ရှိတ်အာမက်ဆီကနေ အာဏာကို လွှဲပြောင်းယူမှာ ဖြစ်ပါတယ်။

အခုပါလီမန်အစည်းအဝေးကို လုံခြုံရေးကြောင့် မိုဂါဒစ်ရှုးလေဆိပ်က နေရာတနေရာမှာ ကျင်းပတာဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။