BBC navigation

အာဖဂန်က အခြေအနေတွေ အိုဘားမား စိုးရိမ်

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 01:04 GMT
obama

အမေရိကန် သမ္မတ အိုဘားမား

အာဖဂန် နစ္စတန် မှာ မကြာသေးခင် ကာလတွေ အတွင်းက အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ လက်ချက်နဲ့ နေတိုး စစ်သားတွေ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အလွန် စိုးရိမ် မိတဲ့အကြောင်း အမေရိကန် သမ္မတ အိုဘားမား ကပြောလိုက် ပါတယ်။

ဒါကတော့ ဒီလို တိုက်ခိုက် နေမှု တွေကို ရပ်တန့်နိုင်ဖို့ အမေရိကန် စစ်ဘက် ထိတ်တန်း အရာရှိကြီး တဦး ဖြစ်တဲ့ ဗိုလ်ချုပ် မာတင် ဒမ်ဆီက နေတိုး တပ်မှူးတွေ နဲ့ အာဖဂန် အရာရှိ တွေကို တွေ့ဆုံပြီး တနေကုန် ဆွေးနွေး ခဲ့အပြီးမှာ မစ္စတာ အိုဘားမားက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

နေတိုး တပ်ဖွဲ့တွေနဲ့ ပူးတွဲ တာဝန် ထမ်းဆောင် ရမယ့် အာဖဂန် တပ်ဖွဲ့ဝင် တွေကို စိစစ် ရွေးချယ် မှုတွေ လုပ်နေပြီ ဖြစ်ပေမယ့်လည်း တိုက်ခိုက် သတ်ဖြတ် နေမှုတွေ ဆက်ဖြစ် နေဆဲ ဖြစ်ပါတယ်။

နောက်ဆုံး ဖြစ်ရပ် တခုမှာ ဆိုရင် အာဖဂန် ရဲယူနီဖောင်း ဝတ်ထားသူ တဦးက နေတိုး စစ်သား တဦးကို ပစ်သတ်ခဲ့ပါတယ်။ ဒီစစ်သား အပါအဝင် ပြီးခဲ့တဲ့ သတင်း ၂ ပတ် အတွင်း သေဆုံးခဲ့ရသူ ၁၀ ဦး ရှိပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။