BBC navigation

အာဆတ် နှုတ်ထွက်ရေး ဆွေးနွေးမယ်

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 02:08 GMT
Qadri Jamil

ဆွေးနွေးရေး စဖို့ သမ္မတ အာဆတ် ဖယ်ရှားရမယ် ဆိုတာ လက်မခံနိုင်

ဆီးရီးယား ပဋိပက္ခ ပြီးဆုံးရေး သမ္မတ ဘရှား အာဆတ် ထွက်ပေးသင့် မသင့် ဆွေးနွေးဖို့ ဆီးရီးယား အစိုးရ ပြင်နေတယ်လို့ ဒုဝန်ကြီးချုပ်က ပြောကြား ပါတယ်။

မော်စကိုက သတင်းစာ ရှင်းလင်းပွဲမှာ ဒုဝန်ကြီးချုပ် Qadri Jamil က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

စေ့စပ် ဆွေးနွေးရေး စဖို့ အတွက် သမ္မတ အာဆတ်ကို ဖယ်ရှားရမယ်လို့ တောင်းဆိုတာတော့ လက်မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။

လူမှု ကူညီရေးတွေ ဝင်ခွင့်ရရေး ဆီးရီးယား အစိုးရနဲ့ သဘောတူချက် ယူဖို့ ကယ်ဆယ်ရေး အဖွဲ့တွေ ကလဲ လုံခြုံရေး ကောင်စီကို တိုက်တွန်း နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။