BBC navigation

တရုတ်နိုင်ငံမှာ သတင်း သမားတွေ ခြိမ်းခြောက် ခံနေရ

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 16:41 GMT
Foreigh Media in China

အာဏာပိုင် တွေရဲ့ ခြိမ်းခြောက်မှုကို နိုင်ငံခြား သတင်းထောက်များ အသင်း ကန့်ကွက်

တရုတ် နိုင်ငံမှာ သတင်းထောက်တွေ ကို အကာအကွယ် ပေးဖို့ နိုင်ငံ တွင်းမှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းက တရုတ် အာဏာပိုင်တွေကို တိုက်တွန်း လိုက်ပါတယ်။

လုံခြုံရေး တာဝန်ခံ တွေ ပါဝင် ပတ်သက်မှု ရှိတဲ့ သတင်း သမားတွေ အပေါ် အကြမ်း ဖက်မှု တွေနဲ့ ခြိမ်းခြောက်မှု ဖြစ်ရပ်တွေ ဖြစ်ခဲ့ ပြီးတဲ့နောက်မှာ သတင်းထောက်များ အသင်းက အခုလို ထုတ်ဖော် တောင်းဆိုလိုက်တာ ဖြစ် ပါတယ်။

အဲဒီလို ဖြစ်ရပ်တွေ ထဲမှာ နန်တုံ Nantong က ဆန္ဒပြမှု အကြောင်း သတင်း ယူနေတဲ့ ဂျပန် သတင်းထောက် တစ်ယောက်ကို ရဲတွေက ကိုယ်ထိ လက်ရောက် ရိုက်နှက် ခဲ့တဲ့ အမှုလည်း ပါဝင်တယ်လို့ နိုင်ငံခြား သတင်းထောက်များ အသင်းက ပြောပါတယ်။

နောက် တစ်နေရာမှာလည်း ဟောင်ကောင် က သတင်းထောက် တစ်ယောက်ဟာ ဟီဖေ Hefei မြို့က တရားရုံး ရှေ့မှာ အရပ်ဝတ် ရဲတွေရဲ့ စော်ကားမှု ခံခဲ့ရ တယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရ ကတော့ တိဘက် ဒေသ အတွင်းမှာ ကန့်သတ်ချက်တွေ ရှိပေမဲ့ နိုင်ငံခြား သတင်းထောက် တွေဟာ တရုတ် နိုင်ငံ အတွင်းမှာ လွတ်လွတ် လပ်လပ် သတင်း ပို့နိုင်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။