BBC navigation

အလုပ် ဖြုတ်မယ့် ဆုံးဖြတ်ချက် တောင်အာဖရိက ပလက်တီနမ် ကုမ္ပဏီ ရုပ်သိမ်း

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 10:19 GMT
South Africa

ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်

တောင်အာ ဖရိက သပိတ် မှောက် အလုပ် သမားတွေ သြဂုတ်လ ၂၁ ရက် အင်္ဂါ နေ့မှာ အလုပ် ပြန်မဆင်းရင် အလုပ် ကနေ အပြီး အပိုင် ဖြုတ်ပစ်မယ်လို့ ပလက် တီနမ် ထုတ် လုပ်သူ ကော်ပိုရေးရှင်း ကြီး ဖြစ်တဲ့ လွန်မင် (Lunmin) က ထုတ်ပြန်ထားတဲ့ ရာဇသံကို အခုပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

အခု အချိန်ဟာ အလုပ် သမား တွေကို အလုပ် စထုတ်ဖို့ သင့်တော် တဲ့ အချိန် မဟုတ် သေးလို့ အမိန့်ကို ပြန် ရုပ်သိမ်း လိုက်တယ်လို့ လွန်မင် ကုမ္ပဏီ ရဲ့ ပြောရေးဆိုခွင့် ရှိ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ဒီလို တချက်လွှတ် အမိန့် ထုတ်ပြန်တဲ့ နည်းဟာ လက်ရှိ ပြဿနာ ဖြစ်နေတဲ့ လစာ တိုးမြှင့် ရေး တောင်းဆို ချက်တွေကို ဖြေရှင်း ပြေလည်ရေး အတွက် အထောက် အကူပြုမှာ မဟုတ်ဘူးလို့ တောင် အာဖရိက အစိုးရ ကော်မတီက မကြာသေး ခင်ကပဲ လွန်မင် ကုမ္ပဏီကို ပြောခဲ့ပြီး နောက်မှာ အခု ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

လွန်မင် ပလက်တီနမ် ကုမ္ပဏီ မှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ လစာ တိုးမြှင့်ရေး တောင်းဆိုချက် တွေကို အကြောင်းပြုပြီး ဆန္ဒပြကြသူတွေကို ရဲက ပစ်ခတ် နှိမ်နင်းခဲ့လို့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက လူ ၃၄ ယောက် သေဆုံးခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။