BBC navigation

ဆီးရီးယားစစ်တပ် ဒမတ်စကပ်ဝန်းကျင် ထိုးစစ်ဆင်

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 17:16 GMT

ဆီးရီးယားစစ်တပ် ဒမတ်စကပ်က အတိုက်အခံတွေရဲ့ နေရာကို တိုက်

ဆီးရီးယားမြို့တော် ဒမတ်စကပ်မြို့က အတိုက်အခံတွေ ထိန်းချုပ်ရာ နေရာကို ဆီရီးယားစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတခုအတွင်း လူ ၈ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အတိုက်အခံလှုပ်ရှားသူတွေက ပြောပါတယ်။

အစိုးရစစ်တပ်က ဒမတ်စကပ်မြို့မှာ သူတို့ရဲ့ ထိန်းချုပ်မှု ပြန်ရအောင် ပြီခဲ့တဲ့လက ထိုးစစ်တွေ စလုပ်လာပြီးနောက်ပိုင်း အခုတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးလို့ မြို့ခံတွေ ပြောပါတယ်။

Kfar Soussa ဆင်ခြေဖုံးမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အတူ မြေပြင်မှာ တင့်ကားတွေနဲ့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

မြောက်ပိုင်းက Aleppo မြို့ကို လည်း ဆီရီးယားစစ်လေယဉ်တွေတိုက်ခိုက်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ်တွေက ပြောကြားခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။