BBC navigation

ဆီးရီးယား အတိုက်အခံ ထောက်ပံ့ရေး ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 02:09 GMT
syria

ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်များ

ဆီးရီးယား အတိုက်အခံ တွေကို ပိုမို ထောက်ပံ့ပေး နိုင်ဖို့ အမေရိကန် ပြင်သစ် နဲ့ ဗြိတိန် ၃ နိုင်ငံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဆီးရီးယား အစိုးရက ဓာတု လက်နက် သုံးလာမယ် ဆိုရင် ဒီ ပဋိပက္ခ ဘယ်လို ကိုင်တွယ် ရမလဲ ပြန်စဉ်းစား ရမယ်လို့ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့က သတိပေး လိုက်ပါတယ်။

သူတို့ ၂ ယောက် လုံးက ဆီးရီးယား ဒုက္ခသည် တွေဆီ အကူအညီ ဒိထက် များများ ပေးနိုင်ဖို့ လမ်းကြောင်း ရှာနေကြတာ ဖြစ်ပြီး ကုလ သမဂ္ဂမှာ ဒီအရေးကို နှိုးဆော်ပေးမယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောကြား ခဲ့ပါတယ်။

ပဋိပက္ခ အဆုံးသတ်ရေး အတွက် ကာတာ တူရကီ ဆော်ဒီ အာရေဗျ နိုင်ငံတွေနဲ့ ပူးတွဲ လုပ်ကြဖို့ လိုတယ်လို့ မစ္စတာ ကင်မရွန်းက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

လက်ဘနွန် မြောက်ပိုင်းက ထရီပိုလီ မှာတော့ ၂ ရက်ကြာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပြီးနောက် ယာယီ အပစ်အခတ် ရပ်စဲ ထားပါတယ်။

အိမ်နီးချင်း ဆီးရီးယား နိုင်ငံမှာ ဖြစ်နေတဲ့ စစ်ကြောင့် လက်ဘနွန် နိုင်ငံက လူနည်းစု အာလာဝိုက်နဲ့ အများစု ဖြစ်တဲ့ ဆွန်နီ မွတ်ဆလင် တွေအကြား တင်းမာ လာပြီး တိုက်ပွဲ အဆင့်ထိ ရောက်ခဲ့ပါတယ်။

အနည်းဆုံး ၁ဝ ယောက် သေဆုံးပြီး တရာလောက် ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

ထရီပိုလီက အာလာဝိုက် တွေက အာလာဝိုက် မျိုးနွယ် ဆီးရီးယား အစိုးရကို ထောက်ခံပြီး ဆွန်နီ တွေကတော့ ဆွန်နီ အတိုက်အခံတွေ ဘက်ကပဲ ရပ်တည် တာ ဖြစ်ပါတယ်။

လက်ဘနွန် စစ်တပ်က ၂ ဘက် အုပ်စု ခေါင်းဆောင် တွေနဲ့ ဝင်ပြီး ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။