BBC navigation

အိုဘားမားမှတ်ချက်ကို တရုတ်ဝေဖန်

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 17:06 GMT

ဆီးရီးယားဓါတုလက်နက်နဲ့ပတ်သက်လို့ သမ္မတအိုဘားမားမှတ်ချက် တရုတ်ဝေဖန်

အမေရိကန်သမ္မတ အိုဘားမားရဲ့ ဆီရီးယားက ဓါတုလက်နက်တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်ကို အန္တရာယ်များတဲ့ တာဝန်မဲ့မှုအဖြစ် တရုတ် နိုင်ငံပိုင် သတင်းဌာန ဆင်ဝှာက ဝေဖန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဆီရီးယားကို စစ်ရေးအရ ဝင်စွက်ဖက်နိုင်ဖို့အတွက် အကြောင်းရှာနေတာလို့ ဆင်ဝှာက ပြောပါတယ်။

ဆီရီးယားအစိုးရရဲ့ ဓါတုလက်နက်တွေ ရွေ့ပြောင်းသယ်ယူမှု ဒါမှမဟုတ် အသုံးပြုမှုတွေကို အအမေရိကန်တို့အနေနဲ့ သည်းခံမှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက တနင်္လာနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတအိုဘားမားရဲ့ မှတ်ချက်ကို ရုရှကလည်း ဝေဖန်လိုက်ပြီး ဆီရီးယားအနေနဲ့ ဓါတုလက်နက်သုံးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ သူတို့ စိတ်ချယုံကြည်ကြောင်းပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။