BBC navigation

အာဆန့်ကိစ္စ ဗြိတိန်ကမ်းလှမ်း

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 01:42 GMT
assange

သံရုံးထဲ ဝင်ဖမ်းမယ်လို့ ဗြိတိသျှ ခြိမ်းခြောက်

လန်ဒန် အီကွေဒေါ သံရုံးကို လွန်ခဲ့တဲ့ ၂ လ က ပြေးဝင် ခိုလှုံ ခဲ့တဲ့ ဂျူလီယံ အာဆန့်ကိစ္စ ပြန် ဆွေးနွေးဖို့ ဗြိတိသျှ နိုင်ငံခြားရေး ရုံးက အီကွေဒေါ သံရုံးကို စာရေး ပါတယ်။

အရင် ပတ်က အီကွေဒေါ နိုင်ငံက သူ့ကို ခိုလှုံခွင့် ပေးလိုက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြား ခဲ့ပြီး သူ့ကို သံရုံးထဲ ဝင်ဖမ်းမယ်လို့ ဗြိတိသျှ အစိုးရက ခြိမ်းခြောက် ခဲ့ပါတယ်။

ဘယ်လိုပဲ အခိုင်အလုံ ကြေညာ စေကာမူ ဥပဒေ ကြောင်း အရ ဗြိတိန် အနေနဲ့ မစ္စတာ အာဆန့်ကို ကာမမှု အတွက် စစ်မေးဖို့ အလိုရှိ နေတဲ့ ဆွီဒင်ကို ပြန်ပို့ခွင့် မရှိဘူးလို့ အီကွေဒေါ သမ္မတ ရာဖဲ ကိုရီယာက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။