BBC navigation

ဗီယက်နမ်မှာ ဘဏ်ကနေ အလုအယက် ငွေထုတ်ယူနေ

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 16:29 GMT
Vietnum Tycoon Nguyen Duc Kien

စီးပွားရေး လုပ်ငန်းရှင်ကြီး ဖမ်းဆီး စစ်ဆေး ခံနေရ

ဗီယက်နမ် နိုင်ငံမှာ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ တနင်္လာ နေ့က ဖမ်းဆီး ခံနေရတဲ့ ဘဏ် လုပ်ငန်းရှင် ငုယင် ဒု ကီယန် Nguyen Duc Kien နဲ့ ပတ်သက် တဲ့ ထိပ်တန်း ဘဏ်ကြီး မှာ ငွေကြေး စုဆောင်း ထားကြသူတွေက စိုးရိမ်ပူပန်ပြီး သူတို့ ငွေတွေကို သန်းနဲ့ ချီ ပြန်လည် ထုတ်ယူနေကြပါတယ်။

ဗီယက်နမ် ဗဟိုဘဏ်က သူတို့ ငွေတွေ စိတ်ချ ရပါတယ်လို့ အာမခံ နေတဲ့ ကြားက ဟနွိုင်းနဲ့ ဟိုချီမင်း မြို့တို့မှာ ရှိတဲ့ Asia Commercial Bank ရဲ့ ဘဏ်ခွဲတွေ ရှေ့မှာ လူတွေ အမြောက် အများ တန်းစီ နေကြပါတယ်။

ဘဏ် လုပ်ငန်းရှင် ကြီး ကို ဖမ်းဆီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အစုရှယ်ယာ စျေးတွေလည်း သိသိသာသာ ထိုးကျ သွားခဲ့ပါတယ်။

သူဟာ ဗီယက်နမ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူလို့ လူတွေက သိထားကြတာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမှုကြောင့် နိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍ အပေါ် ယုံကြည်မှု နည်းပါး လာတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။