BBC navigation

တရုတ် တံတား အသစ် ကျိုးကျ

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 15:41 GMT
China Bridge

တံတား ကျိုးကျမှုကြောင့် လူ ၃ ယောက်သေဆုံး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မှာ ရှစ်လမ်းသွား ကားလမ်းပေါ်က တံတား အသစ်တစင်း ရဲ့ တစိတ်တဒေသ ပြိုကျပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။

ကုန်တင်ကားကြီး လေးစီး သွားလာနေစဉ် မီတာ တရာလောက်ရှိတဲ့ အစိတ်အပိုင်းတခုပြိုကျပြီး ကားတွေ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။

ဒီတံတားဟာ ဟာဗင်မြို့ထဲက လေဆိပ်သွား ဟိုက်ဝေးလမ်းမကြီး ပေါ်မှာ ရှိတာ ဖြစ်ပြီး တံတားဆောက်ခဲ့တာ တနှစ်သာ ကြာပါသေးတယ်။

တနှစ် ကျော်ကာလအတွင်းမှာ တခြား အရေးပါတဲ့ တံတားကြီး ခြောက်စင်းမှာလည်း အလားတူ ပျက်စီးမှုမျိုးတွေ ဖြစ်ခဲ့တယ်လို့ ရှင်ဟွာ သတင်းဌာနကဆိုပါတယ်။

တရုတ်ပြည်ရဲ့ ကားလမ်း ရထားလမ်း ကွန်ယက်ကြီးကို လျင်လျင်မြန်မြန် ချဲ့ထွင် ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ခြစားမှုတွေနဲ့ အသုံးစရိတ် ချွေတာမှုတွေကြောင့် အခုလို ဖြစ်ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ် ပြန့်ပြန့်ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။