BBC navigation

OAS က သံတမန်ရေး ဆောင်ရွက်ထားချက် ကို မဖျက်ဆီး ဖို့ တောင်းဆို

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 00:58 GMT
assange

လန်ဒန် က အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ မစ္စတာ အက်စဆန့်

Organization for American States (OAS) လို့ခေါ်တဲ့ အမေရိကတိုက် နိုင်ငံများ အသင်း က ဝါရှင်တန် မှာ အထူး အစည်းအဝေး ပြုလုပ်ပြီး သံတမန် ရေးရာ ဆောင်ရွက် ချက် အပေါ် ပျက်စီးအောင် ဆောင်ရွက်မှာကို တားမြစ်ကြောင်း ထပ်မံ တောင်းဆို လိုက်ပါတယ်။

ဝီကီလိခ် တည်ထောင်သူ မစ္စတာ ဂျူလီယန် အက်စဆန့် ကို လန်ဒန် က သူတို့ သံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့်ပေးထားတဲ့ အီကွေဒေါ က ဗြိတိန် ဟာ သံရုံးထဲကို ၀င်ရောက်စီးနင်း ဖို့ ခြိမ်းခြောက် နေတယ် လို့ စွပ်စွဲ ထားပြီး အခုလို OAS ဆုံးဖြတ်ချက် ကျအောင် တောင်းဆို နေခဲ့တာ ပါ။

ဗြိတိန် ကတော့ အခုလို ခြိမ်းခြောက်မှု မျိုး မလုပ် ခဲ့ပါဘူး လို့ ငြင်းထားပါတယ်။

မစ္စတာ အက်စဆန့် ယာ ဗြိတိန် ကနေ ဆွီဒင်နိုင်ငံ ကို လွှဲပြောင်း ပေးမှာ စိုးရိမ် တဲ့အတွက် လန်ဒန်က အီကွေဒေါ သံရုံး ကို ပြေးဝင် ခိုလှုံခဲ့တာပါ။

ဒါပေမယ့် အဲဒီ သံရုံးပြင်ပ မှာတော့ ဗြိတိန် က ဖမ်းဆီးမှာ ကို သူ့ အနေနဲ့ စိုးရိမ် စရာ ရှိနေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။