BBC navigation

အာဖဂန် စစ်သွေးကြွ တပ်မှူးတဦး သေဆုံး

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 15:38 GMT

ဟက်ခါနီဟာ ဒီစစ်သွေးကြွ ကွန်ယက်ကို တည်ထောင်ခဲ့သူရဲ့ သားတဦး ဖြစ်ပါတယ်

အာဖဂန်နစ္စတန်က အထင်ကရ စစ်သွေးကြွ အုပ်စုတခုဖြစ်တဲ့ ဟက်ခါနီ ကွန်ယက်ရဲ့ ထိပ်တန်း တပ်မှူး တဦး ဖြစ်သူ ဘက်ရူဒင် ဟက်ခါနီ ဟာ အမေရိကန် မောင်းသူမဲ့ လေယာဉ်နဲ့ လာရောက် တိုက်ခိုက်မှု တခုအတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းဝါဇီရစ္စတန် ဒေသကို အမေရိကန် မောင်းသူမဲ့ လေယာဉ်နဲ့ ဝင်ရောက် တိုက်ခိုက်မှု တခုအတွင်း ဘက်ရူဒင် ဟက်ခါနီ သေဆုံးသွားတာ ဖြစ်တယ်လို့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေက ဘီဘီစီကို ပြော ပါတယ်။

ဟက်ခါနီဟာ ဒီစစ်သွေးကြွ ကွန်ယက်ကို တည်ထောင်ခဲ့သူရဲ့ သားတဦး ဖြစ်ပါတယ်။

အမေရိကန် စစ်တပ် ကတော့ ဘက်ရူဒင် ဟက်ခါနီ တယောက် သေဆုံးသွားတယ် ဆိုတာ ဟုတ်မဟုတ် ဖေါ်ပြ ပြောဆိုခြင်း မရှိပါ။

ဒါပေမယ်လို့ သူသေဆုံးသွားတာ မှန်မယ် ဆိုရင်တော့ ဒါဟာ အမေရိကန် တပ်ဖွဲ့တွေ အတွက် အရေးပါတဲ့ အောင်မြင်မှု တခု ဖြစ်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

တခြားဖြစ်စဉ် တခုမှာတော့ နေတိုး တပ်ဖွဲ့တွေရဲ့ အာဖဂန် အရှေ့ပိုင်း လေကြောင်းတိုက်ခိုက်မှု တခုအတွင်း ပါကစ္စတန် တာလီဘန် တပ်မှူးဖြစ်သူ မူလာ ဒါဒူလားနဲ့ သူ့လူ တိုက်ခိုက်ရေး သမား တဒါဇင်လောက် သေဆုံးသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။