BBC navigation

နယူးယောက် ရဲတပ် ကျည်သင့်လို့ ဒဏ်ရာရကြ

နောက်ဆုံး ရေးသားချိန် 26 သြဂုတ်လ 2012 - 01:29 GMT
_bbc_ny_police

နယူးယောက် ပစ်ခတ်မှု ရဲ စုံစမ်း

နယူးယောက် ရဲမင်းကြီး ရေးကယ်လီ က ပြီးခဲ့တဲ့ သောကြာနေ့ က နယူးယောက် မြို့လယ် ပစ်ခတ်မှု အတွင်းဒဏ်ရာရသူ ၉ ဉီးဟာ ရဲ ဘက် က ကျည်သင့်ရာ က ဖြစ်ပုံရကြောင်း ပြောပါတယ်။ သူတို့ တတွေဟာ အခင်းဖြစ်ပွားတဲ့ အနီးမှာ ရှိနေလို့ ရဲ က ပစ်တဲ့ ကျည် အပိုင်းအစ တွေ ထိမှန်ရာက ဒဏ်ရာ ရပုံ ရကြောင်း ရဲမင်းကြီး ရေးကယ်လီ က ပြောပါတယ်။

ရဲ အရာရှိတွေ ကလည်း အင်ပိုင်ရာ စတိတ် အဆောက်အဉီ နားမှာ ပစ်ခတ်မှု ပြုတဲ့ သေနတ်သမားဟာ အလုပ်ပြုတ်သွားတဲ့ ဖက်ရှင်ပစ္စည်း ဒီဇိုင်နာ ဂျက်ဖရီ ဂျွန်ဆင် ဆိုသူဖြစ်ပြီး၊ သူ့လုပ်ဖေါ်ကိုင်ဖက် တဉီး ကို ပစ်သတ်တဲ့ အတွက် ရဲ က သေနတ်နဲ့ ပစ်ဖမ်းခဲ့တါပါ။

သေနတ်သမားက ရဲတွေ ဝိုင်းလာစဉ်မှာ အပြန်အလှန် အချင်းများယင်း ရဲတွေဘက်ကို လှည့်ချိန်ရာမှ ရဲဘက် က ပစ်သတ်တာ ခံလိုက်ရတါပါ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။