BBC navigation

အာကာသယာဉ်မှူး အမ်းစထရောင်းအတွက် ဂုဏ်ပြုပွဲတွေ ကျင်းပ

နောက်ဆုံး ရေးသားချိန် 26 သြဂုတ်လ 2012 - 14:53 GMT

လမင်းကြီးက ပြုံးပြနေတာကို ကြည့်ပြီး နီးလ်ကို သတိရလိုက်ပါ

အမေရိကန် ပြည်ထောင်စုမှာ မနေ့က ကွယ်လွန်သွား ခဲ့တဲ့ လကမ္ဘာ ပေါ် ပထမဆုံး ခြေချခဲ့သူ အမေရိကန် အာကာသ ယာဉ်မှူး နီးလ် အမ်းစထရောင်း အတွက် ချီးကျူး ဂုဏ်ပြုပွဲတွေ အကြီးအကျယ် ပြုလုပ်နေ ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက အမ်းစထရောင်းဟာ အမေရိကန် မဟာ သူရဲကောင်း တဦးဖြစ်ပြီး၊ ဒါဟာ သူ သက်ရှိထင်ရှား ရှိစဉ် အချိန်မှာ တင်မဟုတ်ပဲ အမြဲတမ်း အတွက် ဖြစ်တယ် လို့ ပြောကြားပါတယ်။

၁၉၆၉ ခုနှစ်က လကမ္ဘာပေါ် သွားရောက်ခဲ့တဲ့ သမိုင်းဝင် အာကာသ အဖွဲ့မှာ မစ္စတာ အမ်းစထရောင်းနဲ့ အတူ လိုက်ပါသွားတဲ့ ဘတ်ဇ် အဲလ်ဒရင်က မစ္စတာ အမ်းစထရောင်းဟာ အင်မတန် ထူးချွန်လှတဲ့ အာကာသ သူရဲကောင်း တဦး ဖြစ်တယ်လို့ ခေါ်ဆို လိုက်ပါတယ်။

လကမ္ဘာပေါ် ခြေချနိုင်အောင် သူ့ရဲ့ တာဝန်ယူ လုပ်ဆောင်ခဲ့မှု၊ အောင်မြင်မှုနဲ့ ရိုးရိုးကုပ်ကုပ် နေတတ်မှုတွေ အပေါ် ဂုဏ်ပြုကြဖို့ သူ့ရဲ့ မိသားစုတွေက အမေရိကန် ပြည်သူတွေကို ပန်ကြား လိုက်ပါတယ်။

သူ့မိသားစုရဲ့ ထုတ်ပြန်တဲ့ စာထဲမှာတော့ ''တိမ်ကင်းတဲ့ ညတညမှာ နောက်တခါ လမ်းလျှောက်မယ်ဆိုရင် လမင်းကြီးက ပြုံးပြနေတာကို ကြည့်ပြီး နီးလ်ကို သတိရလိုက်ပါ။ နောက်ပြီး သူ့ကို မျက်စိတဘက် မှိတ်ပြလိုက်ပါတဲ့''။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။