BBC navigation

လူဝီဇီယားနား မုန်တိုင်း အရေးပေါ် ကြေညာ

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 00:55 GMT
issac

မုန်တိုင်း မကျခင် ပြင်ဆင်နေပြီ

အမေရိကန် သမ္မတ အိုဘားမားက အပူပိုင်း မုန်တိုင်း အိုင်းဆက် အန္တရာယ် ကြုံနေတဲ့ တောင်ပိုင်း လူဝီ ဇီယားနား ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ပါတယ်။

မြေနိမ့်ပိုင်း ကမ်းရိုးတန်း တွေမှာ နေကြသူ တွေကို မိုးကြီး မုန်တိုင်း မကျခင် ဒီလှိုင်း တွေ မလာခင်မှာ အမြန်ဆုံး ရွှေ့ပြောင်း ကြဖို့ သတိပေး ခဲ့ပါတယ်။

မုန်တိုင်းဟာ အင်္ဂါ နေ့ ညပိုင်း နယူး အော်လင်း မြို့ကြီးနားမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ တွက်ဆထား ပါတယ်။

ဒီ ကနေ့ဟာ ၂ဝဝ၅ ခုနှစ်က နယူး အော်လင်းကို ကက်ထရီးနား ဟာရီကိန်း မုန်တိုင်းကြီး ဝင်တာ ၇ နှစ် ပြည့်တဲ့ နေ့နဲ့လဲ တိုက်ဆိုင် နေပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ကို ဖြတ်ကျော် ဝင်ရောက် လာချိန်မှာ အိုင်းဆက် မုန်တိုင်းဟာ ဟာရီကိန်း အဆင့် ရောက်ရှိနိုင်ပြီး မုန်တိုင်းကြီး အဆင့်နဲ့တင် အကြီးအကျယ် ရေလွှမ်းမိုး ခံရမှာ စိုးရိမ် နေကြပါတယ်။

ကက်ထရီးနား ဟာရီကိန်း ကြောင့် နယူး အော်လင်း မြို့သား တသောင်း ရှစ်ထောင်ကျော် သေကျေ ပျက်စီး ခဲ့ရပါတယ်။

ဒီလို အရေးပေါ် အခြေအနေ ကြေညာ ထားလို့ အမေရိကန် အာဏာပိုင် တွေ အတွက် ရန်ပုံငွေ ကောက်ခံပြီး ကယ်ဆယ်ရေး အကူအညီတွေ ပူးပေါင်း ဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။