BBC navigation

ပါလက်စတိုင်း ထောက်ခံသူ အမေရိကန် အမျိုးသမီး သေဆုံးမှု ဆုံးဖြတ်ချက်ချ

နောက်ဆုံး ရေးသားချိန် 28 သြဂုတ်လ 2012 - 13:33 GMT

ပါလက်စတိုင်းတွေဘက်က ထောက်ခံ လှုပ်ရှားခဲ့သူ Rachel Corrie

လွန်ခဲ့တဲ့ ၉နှစ်က ဂါဇာဒေသမှာ ပါလက်စတိုင်း ထောက်ခံအားပေးသူ အမေရိကန် အမျိုးသမီး မြေတူးစက် ကြိတ်မိပြီး သေဆုံးခဲ့ရမှုဟာ ဝမ်းနည်းစရာ မတော်တဆ ဖြစ်ရပ် ဖြစ်တယ် လို့ အစ္စရေး တရားရုံးက ဆုံးဖြတ်လိုက် ပါတယ်။

ဂါဇာဒေသ ရာဖါမြို့မှာ ပါလက်စတိုင်း အိမ်တွေကို ဖြိုချ ဖျက်ဆီးနေတဲ့ မြေတူးစက်ကြီးတခုကို တားဆီးဖို့ ကြိုးစားစဉ် Rachel Corrie သေဆုံးသွားခဲ့တာဖြစ်ပြီး အဲဒီအချိန်တုံးက သူဟာ လိမ္မော်ရောင် တောက်တောက် အပေါ်ဖုံး အင်္ကျီကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။

မြေတူးစက် မောင်းသူက Rachel Corrie ကို မမြင်ရကြောင်းနဲ့ ပြိုကျလာတဲ့ ကွန်ကရိ အုတ်ခဲတုံးကြီးကြောင့် အခုလို သေဆုံးခဲ့တာ ဖြစ်တယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီးမှာ Rachel Corrie ရဲ့ မိခင် Cindy က ဒီကနေ့ဟာ သူတို့ မိသားစုအတွက်သာမက လူ့အခွင့်အရေး ရရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့အတူ အစ္စရေးနိုင်ငံအတွက်ပါ နေ့ဆိုးတနေ့ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဒါပေမယ့်လည်း အစ္စရေး အစိုးရကတော့ အစ္စရေး တရားရုံးတွေဟာ လွတ်လွတ် လပ်လပ် စီရင် ဆုံးဖြတ်လေ့ရှိတယ် ဆိုတာ လူသိများကြောင်းနဲ့ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဒီအမှုနဲ့ ပတ်သက်လို့ အစ္စရေး အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း သံသယရှင်းသွားစေတာမို့ ဝမ်းမြောက်ကြောင်း ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။