BBC navigation

နယူးအောလင်းကို မုန်တိုင်း ဦးတည်

နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 01:10 GMT
hurricane

ကမ်းရိုးတန်းကို ဟာရီကိန်း မုန်တိုင်း ဝင်

လူဝီ ဇီယားနား ပြည်နယ် ကမ်းရိုးတန်းကို အိုက်ဆက် ဟာရီကိန်း မုန်တိုင်း ချဉ်းကပ် လာနေပြီး နယူး အောလင်း မြို့ကို ဦးတည် နေပါတယ်။

မြို့ကို မုန်တိုင်း ဒီရေ ရန်က ကာကွယ်ဖို့ စီမံ ထားတဲ့ ရေတံခါး သစ်ကြီးတွေ ကိုလဲ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

လူဝီ ဇီယားနား ကမ်းရိုးတန်းနဲ့ နယူး အောလင်းမြို့က လူ ထောင်နဲ့ချီပြီး ထွက်ပြေး လာကြပြီး မပြေး နိုင်သူ တွေကတော့ အိမ်တံခါး တွေ အလုံပိတ် ကျန်ခဲ့ကြ ပါတယ်။

ဘယ်လို ပြင်းတဲ့ မုန်တိုင်းပဲ လာလာ ပြန်ရုန်းထ နိုင်ဖို့ ကူညီမှာ ဖြစ်ပြီး ရင်ဆိုင်ဖို့လဲ အသင့် ပြင်ထားတယ်လို့ ပင်လယ်ကွေ့က ပြည်သူတွေ အတွက် အမေရိကန် သမ္မတ အိုဘားမားက အားပေး စကား ပြောကြား ခဲ့ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့က ရေနံ နဲ့ ဓာတ်ငွေ့ တွင်းတူးစင်တွေ၊ သင်္ဘောကျင်း တွေ ကိုလဲ ပိတ်ထား လိုက်ပြီ။

နယူး အောလင်း မြို့ မှာ လုယက်မှု တွေ မဖြစ်အောင် စစ်တပ် ချထား လိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။