BBC navigation

မွန်ဘိုင်းမြို့ တိုက်ခိုက်သူကို သေဒဏ် စီရင်ချက်ချ

နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 17:59 GMT

တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၆၆ ဦးလည်း သေဆုံး သွားခဲ့ပါတယ်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ၂၀၀၈ ခုနှစ်တုန်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သူတွေ အထဲက တဦးတည်းသော အသက်ရှင်လျက် ကျန်ခဲ့သူ သေနတ်သမားကို သေဒဏ် ကျခံစေဖို့ အိန္ဒိယ ဖက်ဒရယ် တရားရုံးချုပ်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

အခု သေဒဏ်ပေးခံရတဲ့ ပါကစ္စတန်နိုင်ငံသား မိုဟာမတ် အက်ဂျမယ် ကာဆတ်ဟာ၊ မွန်ဘိုင်းမြို့ကို ဝင်ရောက်ပြီး ၃ ရက်ကြာ စီးနှင်းမှုတွေ လုပ်ထားခဲ့တဲ့ သနတ်သမား ၁၀ ဦးက ထဲက တဦးဖြစ်ပါတယ်။

သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၆၆ ဦးလည်းသေဆုံးသွားခဲ့ပါတယ်။

အက်ဂျမယ် အာဆတ်ကို စစ်ပွဲဆင်နွှဲမှု၊ လူသတ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခဲ့တဲ့ အပေါ် သူက အယူခံ တင်ခဲ့တာ ဖြစ်ပါတယ်။

သူ့အပေါ် တရားစီရင်မှုဟာ တရားမျှတမှု မရှိဘူးလို့လည်း အက်ဂျမယ် အာဆတ် က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။