BBC navigation

ကြားခံနယ် ထားရှိရေး သမ္မတအာဆတ် ငြင်းဆို

နောက်ဆုံး ရေးသားချိန် 29 သြဂုတ်လ 2012 - 14:44 GMT

ဘက်ပြောင်းသွား သူတွေဟာ အစိုးရ အဖွဲ့ထဲက ထုတ်ပယ်လိုက်တဲ့ သူတွေသာ ဖြစ်တယ်

ဆီးရီးယား ပဋိပက္ခတွေ ကနေ လွတ်အောင် ထွက်ပြေးခဲ့ ကြတဲ့ ဒုက္ခသည်တွေကို ဆီးရီးယား နိုင်ငံထဲ ကြားခံ နယ်မြေ တခုမှာ ခိုလှုံခွင့် ပေးထား သင့်တယ် ဆိုတဲ့ အဆိုပြုချက် တခုကို ဆီးရီးယား သမ္မတ အာရှာ အဲလ် အာဆတ်က ပယ်ချလိုက် ပါတယ်။

အစိုးရကိုလိုလားတဲ့ ရုပ်သံတခုနဲ့ အင်တာဗြူး လုပ်ရာမှာ မစ္စတာ အာဆတ်က တူရကီ အစိုးရနဲ့ အနောက်နိုင်ငံ အတော်များများက တင်ပြလာတဲ့ ဒီအဆိုပြုချက်ပါ ကြားခံ ဇုန်နယ်မြေ ထားရှိရေး ဆိုတာ လက်တွေ့ မကျဘူးလို့ ပြောကြား သွားပါတယ်။

နောက်ပြီး ဆီးရီးယား အစိုးရ ကနေ ဘက်ပြောင်းသွား သူတွေဟာ အစိုးရ အဖွဲ့ထဲကနေ ခိုင်မာ ပြတ်သားမှု မရှိတဲ့ ပျော့ညံတဲ့ သူတွေကို ထုတ်ပယ်လိုက်တဲ့ သူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ သူရဲကောင်း တာဝန်တွေကို ထမ်းဆောင် နေတာ ဖြစ်တယ်လို့လည်း သူက ချီးကျူးလိုက်ပါတယ်။

ဆီးရီးယား ပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် အစိုးရ အနေနဲ့ အချိန် ပိုယူဖို့ လိုအပ်တယ် လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။