BBC navigation

မသန်စွမ်း အိုလံပစ်ပွဲ စတင်

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 17:13 GMT
First Gold Medalist

ပထမဆုံး ရွှေတံဆိပ် ဆုရှင် တရုတ် အမျိုးသမီး သေနတ်ပစ် ချန်ပီယံ

ဗြိတိန် နိုင်ငံ လန်ဒန် မြို့တော်မှာ မသန်စွမ်း အိုလံပစ် အားကစား ပြိုင်ပွဲတွေ ကို ကြာသပတေးနေ့က စတင် ကျင်းပနေ ပါတယ်။

တရုတ် နိုင်ငံက ကျန်ကွီပင်း Zhang Cuiping က အမျိုးသမီး သေနတ်ပစ် ပြိင်ပွဲမှာ စံချိန်သစ်တင်ပြီး ပထမဆုံး ရွှေ တံဆိပ် ဆုကို ဆွတ်ခူး သွားခဲ့ ပါတယ်။

စက်ဘီစီး၊ ဂျူဒို၊ powerlifting အလေးမ၊ သေနတ်ပစ်နဲ့ ရေကူး ပြိင်ပွဲတွေ ပါဝင်တဲ့ အားကစား ပြိုင်ပွဲ တွေရဲ့ ပထမဆုံး နေ့မှာ နောက်ထပ် ရွှေတံဆိပ် ၂၇ ဆု ပေးအပ် ဖို့ရှိပါ သေးတယ်။

၁၁ ရက်ကြာ လန်ဒန်မှာ ကျင်းပမယ့် မသန်စွမ်း အိုလံပစ် အားကစား ပြိုင်ပွဲ တွေမှာ နိုင်ငံပေါင်း ၁၆၅ နိုင်ငံက အားကစား သမား လေးထောင်ကျော် ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်လို့ အကြီးမားဆုံး အိုလံပစ် ပြိုင်ပွဲ ဖြစ် ပါ တယ်။

ဗုဒ္ဓဟူးညက ကျင်းပခဲ့တဲ့ မသန်စွမ်း အိုလံပစ် အားကစားပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ရူပဗေဒ ပညာကျော် စတီဗင် ဟော့ပ်ကင်း ရဲ့ ဟောပြောချက်နဲ့ အတူ စကြာဝဠာ ဖြစ်ပေါ် လာပုံ အကြောင်း သင်္ကေတ ပြုတဲ့ မီးရှူး မီးပန်း တွေ ပစ်ဖောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။