BBC navigation

တောင်အာဖရိက အလုပ်သမားတွေ တရားစွဲ ခံရ

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 02:52 GMT
mine

အလုပ်သမားတွေ သေအောင် ပစ်တဲ့ ရဲကို တရားမစွဲ

သြဂုတ်လ ၁၆ ရက် တောင်အာဖရိက သတ္တုတွင်း သပိတ် ပစ်ခတ်မှုမှာ သေဆုံးတဲ့ အလုပ်သမား တွေကို သတ်မှုနဲ့ ရာနဲ့ချီတဲ့ အလုပ်သမား တွေကို တရားစွဲ ထားပါတယ်။

ပလက်တီနမ် တွင်းတူး အလုပ်သမား ၃၄ ယောက် သေအောင် ပစ်ခတ်တဲ့ ရဲကို တရားမစွဲဘဲ သပိတ် သမား ၂၆ဝ ကျော်ကို စွဲဆိုတာ ဖြစ်ပါတယ်။

အာမခံ လဲ မပေးဘဲ တပတ် အတွင်း အမိန့်ချမယ် လို့ သိရပါတယ်။

မကျေနပ်တဲ့ အလုပ်သမား တရာက တရားရုံးရှေ့မှာ ဆန္ဒပြ ကြပါတယ်။

ဘယ်ဘက်က ပစ်ပစ် ရဲကို ခုခံ ပစ်ခတ်ရင် ရဲက ကာကွယ် ပိုင်ခွင့် ရှိလို့ အခု ဖမ်းထားသူ တွေကို လူသေမှုနဲ့ စီရင် နိုင်တယ်လို့ အစိုးရ ရှေ့နေ အဖွဲ့က ဆိုပါတယ်။

ဒီအဓိကရုဏ်းတွင်းမှာ ရဲ ၂ဦး သေဆုံးခဲ့ပါတယ်။

ဒီစွဲချက်ဟာ အသားအရောင် ခွဲခြားရေးခေတ်က သုံးတဲ့ ဥပဒေ နဲ့စွဲတာ မို့ မတရား စီရင်မှု ဖြစ်လိမ့်မယ်လို့ တောင်အာဖရိက ရှေ့နေ တွေက ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။