BBC navigation

ရုရှား စီးပွားရေး သမား ဘရက်ဇောဗ် စကီး အမှုရှုံး

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 14:56 GMT
Boris Berezovsky and Roman Abramovich

အမှုရှုံး ခဲ့သူ ဘောရစ်စ် ဘရက်ဇောဗ်စကီး( ဘယ် ) က အင်္ဂလန် တရားရေး စနစ်ကို ဝေဖန်

ရုရှား စီးပွားရေး လုပ်ငန်း ရှင်ကြီး ဘောရစ်စ် ဘရက်ဇောဗ် စကီး Boris Berezovsky နဲ့ အင်္ဂလန်က ချယ်လ်ဆီး ဘောလုံး အသင်း ပိုင်ရှင် ဘီလျံနာ သူဌေးကြီး ရိုမန် အက်ဘရာ မိုးဗစ်ချ် Roman Abramovich တို့ရဲ့ လန်ဒန်မြို့မှာ တရား စီရင်ခဲ့တဲ့ အမှုမှာ ရုရှား စီးပွားရေး လုပ်ငန်း ရှင် ဘောရစ်စ် ဘရက်ဇောဗ် စကီး ရှုံးနိမ့် သွားခဲ့ ပါတယ်။

ဗြိတိန် နိုင်ငံမှာ ခိုလှုံ နေတဲ့ ဘရက်ဇောဗ် စကီးက ၁၉၉၀ ပြည့်လွန်နှစ်တွေ တုန်းက သူ့ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဘက် ရိုမန် အက်ဘရာ မိုးဗစ်ချ် နဲ့ ရုရှား နိုင်ငံမှာ ရေနံ လုပ်ငန်း လုပ်ကိုင်ကြစဉ် သူ့အတွက် ထိခိုက် နစ်နာ ခဲ့မှုတွေ အတွက် ဆိုပြီး ဒေါ်လာ ၅ ဒဿမ ၆ ဘီလျံ ဒေါ်လာ ရနိုင်ဖို့ တရားစွဲခဲ့ တာပါ။

မစ္စတာ အက်ဘရာ မိုးဗစ်ချ် ဟာ သူတို့ ပိုင်တဲ့ ရေနံ ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာတွေ ကို တကယ့် စျေးနှုန်း အစစ်အမှန် ထက် အဆမတန် နည်းတဲ့ စျေးနဲ့ ထုတ်ရောင်း ဖြစ်အောင် တိုက်တွန်း ခဲ့တယ်လို့ ဘရက်ဇောဗ် စကီးက စွပ်စွဲ ပါတယ်။

တရားရုံးက ဘရက်ဇောဗ် စကီးဟာ စိတ်မချရတဲ့ သက်သေ ဖြစ်တယ်လို့ ပြောဆိုပြီး သူ့ရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ ပါတယ်။

ဘရက်ဇောဗ် စကီးကတော့ သူအမှု ရှုံး အပြီး တရားရုံး ရှေ့မှာပဲ အင်္ဂလိပ် တရားရေး စီရင်ရေး စနစ်ကို အယုံ အကြည် မရှိကြောင်း ပြောခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့ အနေနဲ့ ဝမ်းမနည်းဘူး၊ တချိန်က ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ ပြောခဲ့တဲ့ ဒီမိုကရေစီဟာ မကောင်းဘူး၊ ဒါပေမဲ့ ဒီ့ထက် ကောင်းတာလည်း ဘာမှ မရှိဘူး ဆိုသလို အင်္ဂလိပ် တရားရုံးက မကောင်းဘူး၊ ဒီ့ထက် ကောင်းတာလည်း မရှိဘူး၊ ဒီနေ့တော့ သူ့ အနေနဲ့ မှန်ကန်မှု အပေါ် သံသယတွေ အများကြီး ရှိနေပြီလို့ ရုရှား စီးပွားရေး လုပ်ငန်း ရှင်ကြီး ဘောရစ်စ် ဘရက်ဇောဗ် စကီးက ပြော ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။