BBC navigation

မက္ကဆီကို သမ္မတသစ်ကို ကန့်ကွက်

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 00:52 GMT
Lopez Obrador

မသန့်ရှင်း မလွတ်လပ်လို့ ရလဒ်ကို လက်မခံနိုင်

မက္ကဆီကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ သမ္မတ လောင်း Andres Manuel Lopez Obrador က ဇူလိုင်လ မဲအနိုင်စာရင်း တရားရုံး ဆုံးဖြတ်ချက်ကို လက်မခံ နိုင်ဘူးလို့ ဆိုပါတယ်။

ဗဟို လက်ယာ ဝါဒီ Enrique Pena Nieto သမ္မတ အရွေးခံရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ခုံရုံးက တရားဝင် ကြေညာလိုက်ပြီးနောက် ဒီလို တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲအရောင်းအဝယ် တွေ ရှိတယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ကြောင့် မဲရလဒ်ကို ပယ်ဖျက် ပေးဖို့ မစ္စတာ Lopez Obrador ရဲ့ တောင်းဆိုချက်ကို ပယ်ချ လိုက်တာလဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ လူထု မနာခံမှု အားကို သုံးသင့် တဲ့အတွက် မက္ကဆီကို မြို့တော်မှာ စက်တင်ဘာ ၉ ရက်မှာ လူထု ဆန္ဒပြပွဲကြီး ဆင်နွှဲဖို့ မစ္စတာ Lopez Obrador က ဆော်သြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။