BBC navigation

သာလီဒိုမိုက် ဆေး ကုမ္ပဏီ တောင်းပန်

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 00:44 GMT
thalidomide

သာလီဒိုမိုက် ဆေး ဒဏ်သင့်ခဲ့ရသူများ

သာလီဒိုမိုက် ဆေး ကြောင့် ထောင်နဲ့ချီတဲ့ ကလေးသူငယ်တွေ လူစဉ်မမီဘဲ မွေးဖွားခဲ့ရလို့ ဆေးထုတ်တဲ့ ဂျာမန် ဆေးကုမ္ပဏီက ပထမဆုံး အကြိမ် တောင်းပန် ခဲ့ပါတယ်။

မနက်ခင်း ပျို့အန်တဲ့ ဝေဒနာ ခံစားရတဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်း များအတွက် Gruenenthal ဆေးကုမ္ပဏီက ၁၉၅ဝ ၆ဝ ပြည့်လွန် နှစ်တွေ က သာလီဒိုမိုက် ဆေး ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီဆေးအတွက် အရင်ကလဲ ကုမ္ပဏီ က ဝမ်းနည်းကြောင်း ပြော ခဲ့ဖူးပါတယ်။

Gruenenthalကုမ္ပဏီ အနေနဲ့ ဆေးရဲ့ဆိုးကျိုးတွေ ရင်ဆိုင် ခဲ့ရတဲ့ မိခင်တွေနဲ့ ကလေးတွေကို ကူညီ ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဟာရယ် စတော့က ဆိုပါတယ်။

တောင်းပန်မှုက မဖြစ်စလောက် နဲ့ သိပ်နောက်ကျ လွန်းပြီး ထိခိုက် ခဲ့ရသူတွေ အတွက် နစ်နာကြေး အပြည့် ပေးသင့်တယ်လို့ တောင်းဆို လှုပ်ရှား သူတွေက ဝေဖန် ကြပါတယ်။

သာလီဒိုမိုက် ဘေးသင့်သူများ အတွက် ရည်စူး ထုဆစ်တဲ့ ပန်းပုရုပ် ဖွင့်ပွဲမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။