BBC navigation

အီဂျစ်ရုပ်သံတင်ဆက်သူကို ရုံးတင်စစ်ဆေး

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 01:09 GMT
Tawfiq Ukasha

ရုံးတင် စစ်ဆေးခံနေရတဲ့ တော်ဖစ် အုတ်ရှာ

အီဂျစ် နိုင်ငံမှာတော့ နာမည်ကြီး ရုပ်မြင် အစီအစဉ် တင်ဆက်သူတဦးက သူဟာ သမ္မတ မိုဟာမက် မော်ဆီကို လုပ်ကြံ သတ်ဖြတ်ဖို့ လှုံဆော်ခဲ့တယ် ဆိုတာ မဟုတ်ဘူးလို့ အဲဒီ ကိစ္စအတွက် သူ့ကို စပြီး ရုံးတင်တဲ့ နေ့မှာ ငြင်းဆိုလိုက်ပါတယ်။

ဒီ အစီအစဉ် တင်ဆက်သူ တော်ဖစ် အုတ်ရှာကို အရင် သမ္မတဟောင်း ဟော်စနီ မူဘာရက်နဲ့ ရင်းနှီးတဲ့ သူတယောက် အဖြစ် လူသိများပါတယ်။

ဒါပေမယ့် သူကိုယ်တိုင် ကတော့ သူ့အနေနဲ့ မွတ်စလင် ညီအစ်များ အဖွဲ့က သမ္မတ ဖြစ်လာတဲ့ မစ္စတာ မော်ဆီကို ဝေဖန်တာမျိုးတောင် မရှိသလောက်ပဲ ဖြစ်ကြောင်း ပြောပါတယ်။

မစ္စတာ အုတ်ရှာဟာ ဒီ မွတ်စလင် ညီအစ်ကိုများ အဖွဲ့ကို တော့ ခါးခါးသီးသီး ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အခုလို ရုံးတင် စစ်ဆေးတာဟာ မွတ်စလင် ညီအစ်ကိုများအဖွဲ့က သူ့ကို ပါးစပ်ပိတ် စေချင်လို့ နိုင်ငံရေး လှုံ့ဆော်မှုတွေနဲ့ ရုံးတင် တာသာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

ဒီအမှု ကိစ္စကြောင့် အီဂျစ်မှာ အစ္စလာမ်မစ် လှုပ်ရှားမှု တွေက မီဒီယာ တွေရဲ့ လွတ်လပ်ခွင့် တွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစား လာနေပြီလား ဆိုတဲ့ သံသယတွေ ဖြစ်လာ နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။