BBC navigation

ဆီးရီးယားဒုက္ခသည်တွေ အတွက်ကူငွေပိုလိုအပ်

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 00:58 GMT
jordan syria

ဆီးရီးယား ဒုက္ခသည် စခန်း

ဆီးရီးယား နိုင်ငံ ဘက်ကနေ တိုးပြီး ဝင်ရောက် လာနေတဲ့ ဒုက္ခသည် တွေကို ကူညီနိုင်ဖို့ အတွက် လိုအပ်တဲ့ နိုင်ငံတကာက ကူငွေ ပမာဏကို ဂျော်ဒန်က သိသိသာသာ တိုးမြှင့်လိုက် ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီနဲ့ အတူတွဲပြီး ထုတ်ပြန်လိုက်တဲ့ ပန်ကြားလွှာထဲမှာ လတ်တလော အခြေအနေမှာ ဒေါ်လာ သန်းပေါင်း ၇၀၀ လောက် လိုအပ် နေတယ်လို့ ဂျော်ဒန်က ဆိုထားပါတယ်။

မကြာခင် ရက်ပိုင်း တွေအတွင်းကတော့ ဒေါ်လာ သန်း ၄၀၀ ကျော်ကျော်လောက် ဆိုရင် လုံလောက်ပြီလို့ ဂျော်ဒန်က ဆိုခဲ့ ပါတယ်။

ဂျော်ဒန်ရဲ့ စီမံ ခန့်ခွဲရေး ဝန်ကြီး ဂျဖ်ဖာ ဟာဆန် ကတော့ ဂျော်ဒန် ထဲကို ဝင်လာတဲ့ ဆီးရီးယား ဒုက္ခသည် အရေအတွက် ဟာ မကြာခင် အတောအတွင်း မှာကို ၂ သိန်းခွဲ လောက်အထိ တိုးလာ လိမ့်မယ်လို့ သူ မျှော်လင့် ထားတဲ့ အကြောင်းနဲ့ နဂို ရှားပါးပြီးသား ဖြစ်တဲ့ ဂျော်ဒန်ရဲ့ သောက်သုံးရေနဲ့ စွမ်းအင် ဖြန့်ဖြူးရေး တွေမှာ အကျပ်အတည်း တွေနဲ့ ရင်ဆိုင် လာရ နိုင်ကြောင်း တွေကို ပြောသွား ပါတယ်။

ဆက်လက်ပြီး ဒီလူတွေ အတွက်ကို ဂျော်ဒန်ဟာ မျက်နှာလွှဲ ခဲပစ် လုပ်ထားမှာ မဟုတ်တဲ့ အကြောင်းကိုလည်း ပြောပါတယ်။

သူက ပြောကြားရာမှာ ဒီလို ဒုက္ခသည်တွေ ဝင်လာနေတဲ့ အရေအတွက်ကို ကျသွားအောင် လုပ်မှာ မဟုတ်ကြောင်း၊ ဒီ ဆီးရီးယား လူမျိုး တွေကို လိုအပ် သမျှ ပံ့ပိုး ကူညီ သွားနိုင်ဖို့ အတွက် အခုလို ကုလသမဂ္ဂ အေဂျင်စီ တွေအပြင် ၊ တခြား လူသားချင်း စာနာတဲ့ အဖွဲ့အစည်း တွေနဲ့ပါ ပူးပေါင်းလို့ အခုလို တောင်းဆို ပန်ကြား လိုက်တာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။