BBC navigation

မိုင်းလုပ်သားတွေအမှု သူဝင်ပါလို့ မရကြောင်းသမ္မတဇူးမားပြော

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 00:48 GMT
zuma miners

မိုင်းလုပ်သားတွေအရေး သူဝင်လို့မရဆိုတဲ့ သမ္မတ ဇူးမား

တောင်အာဖရိက နိုင်ငံက မာရီကာနာ ပလက်တီနမ် သတ္တုတွင်းက ဆန္ဒပြခဲ့ကြတဲ့ တွင်းလုပ်သား ၂၇၀ ကို တွင်းလုပ်သား အချင်းချင်း သတ်ခဲ့တယ်ဆိုပြီး စွပ်စွဲ ရုံးတင်ထားတဲ့ ကိစ္စမှာ သူဝင်ပြီး ပါလို့ မရဘူးလို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားက ပြောလိုက်ပါတယ်။

အဲဒီ စွပ်စွဲခံထား ရတဲ့ လူတွေရဲ့ ရှေ့နေတွေက ဒီလူတွေကို တနင်္ဂနွေ နေ့လည် ၁ နာရီမှာ နောက်ဆုံးထား လွှတ်ပေးဖို့ကို တောင်းဆိုထားပါတယ်။

ဒါပေမယ့် မစ္စတာ ဇူးမားကတော့ ဒီ ပြီးခဲ့တဲ့ လက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲ တွေအတွင်း သေဆုံးသွားခဲ့ရတဲ့ တွင်းလုပ်သား ၃၄ ယောက်အတွက် စုံစမ်း စစ်ဆေးနေတဲ့ အဖွဲ့အစည်းတွေကို လေးစားတဲ့ အနေနဲ့ ဒီတောင်းဆိုချက် တွေကို လိုက်လျောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရုပ်မြင်သံကြား ပေါ်မှာ မြင်ခဲ့ရတဲ့ ပြကွက်တွေထဲမှာ ဒီလူတွေ သေခဲ့ရတာဟာ ရဲတွေက ပစ်ခတ်ခဲ့လို့ ဆိုတာကို ပြနေရက်သားနဲ့ အခုလို ဆန္ဒပြ မိုင်းလုပ်သား တွေကို အချင်းချင်း သတ်ဖြတ်ခဲ့တယ် ဆိုပြီး စွပ်စွဲရုံးတင် ခဲ့တဲ့ ကိစ္စကြောင့် တောင်အာဖရိက နိုင်ငံအတွင်း တော်တော် တုန်လှုပ်သွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။