BBC navigation

ဆီးရီးယားသူပုန်တွေကို အစိုးရတပ်တွေ ပြန်တွန်းလှန်

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 14:58 GMT

အစိုးရ ဘက်ကနေ စစ်လေယာဉ်တွေ ပိုသုံး လာတဲ့ အပေါ် သူပုန်တွေက တန်ပြန် တိုက်ခိုက် နေတာ ဖြစ်ပါတယ်

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အနီးက လေတပ် ကောလိပ်ကျောင်း တခုရှိရာ လေတပ် စခန်းကို သူပုန်တွေက အကြီးအကျယ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ၊ အခုတော့ သမ္မတ အာဆတ် သစ္စာခံ တပ်ဖွဲ့တွေဟာ သူပုန်တွေကို ပြန်ပြီး တွန်းလှန် တိုက်ခိုက် နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

အထူး စစ်ဆင်ရေး တခုကို ဆင်နွှဲရာနေတဲ့ ရဲစွမ်း သတ္တိနဲ့ ပြည့်စုံတဲ့ တပ်ဖွဲ့တွေကနေ လေတပ် စခန်းကို တိုက်ခိုက် နေတဲ့ ကြေးစား အကြမ်းဖက် သမားတွေကို ပြန်လည် တွန်လှန်ခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား ကနေ ကြေညာသွား ပါတယ်။

အစိုးရ ဘက်ကနေ ရဟတ်ယာဉ်တွေ စစ်လေယာဉ်တွေ ပိုမို အသုံးပြုပြီး သူပုန် တွေကို တိုက်ခိုက်လာ နေတာကို တန်ပြန် တိုက်ခိုက်တဲ့ အနေနဲ့ သူပုန်တွေက မကြာသေးခင် ရက်ပိုင်းတွေ အတွင်း တိုက်ခိုက်မှု အတော်များများ ပြုလုပ်ခဲ့ရာ အဲဒီ ရမ်းစ်မ် အလ် အဘု(တ်) လေတပ်စခန်း ကိုလည်း ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ကုလသမဂ္ဂက အသစ် ခန့်အပ်လိုက်တဲ့ နိုင်ငံတကာ အထူးကိုယ်စားလှယ် လက်ခ်ဒါ ဘရာဟိမီ ဟာ ဒီကနေ့ သူ့ ရာထူး နေရာကို လက်ခံယူပြီး၊ ဆီးရီးယားနဲ့ သံတမန်ရေး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ သံတမန် ဆက်ဆံရေးမှာ ကျွမ်းကျင်သူ ဝါရင့် ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ မစ္စတာ ဘရာဟိမီဟာက သူ့မှာ အလှည့်အပြောင်း လုပ်နိုင်တဲ့ မျက်လည့် ပညာ မရှိပါဘူးလို့ ပြောကြားလိုက်ပြီး၊ လေ့လာ စောင့်ကြည့်သူတွေ အနေနဲ့ ဆီးရီးယား ငြိမ်းချမ်းရေးအတွက် တိုးတက်မှု အနည်းငယ်သာ တွေ့ရဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။