BBC navigation

အီသီယိုပီးယား ဝန်ကြီးချုပ် စျာပန

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 17:38 GMT

မြို့တော် အက်ဒစ် အဘာဘာ ခရစ်ယာန် ဘုရား ကျောင်းမှာ မြေမြှုပ် သင်္ဂြိုဟ်ခဲ့

သြဂုတ်လက ကွယ်လွန်သွားခဲ့သူ အီသီယိုပီးယား ဝန်ကြီးချုပ် မဲလက်စ် ဇနာဝီရဲ့ အသုဘ အခမ်းအနားကို မြို့တော် အက်ဒစ် အဘာဘာမှာ ကျင်းခဲ့ရာမှာ သူ့အတွက် ချီးကျူးဂုဏ်ပြုမှု တွေလည်း ပြုလုပ်ခဲ့ကြ ပါတယ်။

သူ့ရုပ်အလောင်းကို မြေမြှုပ် သဂြိုင်မယ့် ခရစ်ယာန် ဘုရားကျောင်း ကို သယ်ဆောင်လာတဲ့ အချိန်မှာတော့ ဘင်ခရာ တပ်ဖွဲ့က သူ့အတွက် ဂုဏ်ပြု တီးခတ်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

အီသီယိုပီးယား ဝန်ကြီးချုပ် အဖြစ် ကာလကြာရှည် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်တဲ့ မဲလက်စ် ဇနာဝီရဲ့ ရုပ်အလောင်းကို အက်ဒစ်ဘာဘာ မြို့ ခရစ်ယာန် ဘုရားကျောင်းမှာ မြေမြှုပ် သင်္ဂြိုဟ် ခဲ့ပါတယ်။

အာဖရိကတိုက်က ခေါင်းဆောင်တွေနဲ့ တခြား ဒေသက ခေါင်းဆောင်တွေ အသုဘ အခမ်းအနားကို တက်ရောက်ခဲ့ပြီး သူ့ကို အရိုအသေပေး ဂါဝရပြုခဲ့ကြ ပါတယ်။

ရဝမ်ဒါ သမ္မတ ပေါလ် ကဂါ့မီလည်း တက်ရောက်ပြီး စကား ပြောကြားရာမှာ မစ္စတာ မဲလက်စ်ဟာ အာဖရိ တိုးတက်ရေး အတွက် သူ့ဘဝကို မြှုပ်နှံထားသူ ဖြစ်ပြီး၊ အမြင်ကျယ်သူ ဖြစ်တယ် လို့ ပြောပါတယ်။

ထောင်သောင်းချီတဲ့ အီသီယိုပီးယား ပြည်သူတွေဟာ မစ္စတာ မဲလက်စ် အတွက် ဝမ်းနည်း ကျေကွဲရကြောင်း ဖေါ်ပြတဲ့ အနေနဲ့ အများစုဟာ သူ့ရုပ်ပုံပါ တီရှပ် အနက်တွေကို ဝတ်ဆင်ပြီး အခမ်းအနားကို လာရောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။