BBC navigation

တောင်အာဖရိကမိုင်းသမားတွေ စွဲချက်ပြန်ရုပ်

နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2012 - 03:36 GMT
jiba

စုံစမ်းမှု ပြီးမှ စွဲဆိုမယ်

အရင်လ တောင်အာဖရိက ပလက်တီနမ် မိုင်းသပိတ်မှာ ရဲကျည်ဆန်နဲ့ သေဆုံးတဲ့ အလုပ်သမား ၃၄ ယောက် သတ်မှုနဲ့ စွဲဆိုခံရသူ တွေကို အမှုစုံစမ်း ပြီးမှ စွဲချက် တင်မယ်လို့ ကြေညာ ခဲ့ပါတယ်။

အမှု အကြောင်း အလုံးစုံ စုံစမ်း ပြီးမှ အပြီးသတ် စွဲဆိုမယ်လို့ ခေတ္တ ရှေ့နေချုပ်က ကြေညာ ပါတယ်။

အမှု စုံစမ်း စစ်ဆေးဖို့လဲ သမ္မတ ဂျက်ကော့ ဇူးမားက အမိန့်ပေး ခဲ့ပါတယ်။

ပစ်တဲ့ ရဲကို မဖမ်းဘဲ မိုင်းလုပ်သား ၂၇ဝ ကို လူသတ်မှုနဲ့ စွဲချက် တင်ခဲ့တာပါ။

ရဲ ၂ ယောက် သေဆုံးလို့ ခုခံပိုင်ခွင့် နဲ့ ကာကွယ် ပစ်ခတ်ခဲ့တာ လို့လဲ ဆိုပါတယ်။

သပိတ်သမား တွေ ကို အသားအရောင် ခွဲခြားတဲ့ ခေတ်က ဥပဒေ ဟောင်းကြီး ထုတ်သုံးပြီး စွဲဆို ခဲ့လို့ တောင်အာဖရိက နိုင်ငံ တဝှမ်း ဆူပွက်သွားပြီး တခြား သတ္တုတွင်း တွေပါ သပိတ် ကူးစက်မယ့် အလားအလာတွေ ရှိလာပါတယ်။

တောင်အာဖရိက မှာ အလုပ်လက်မဲ့ နှုန်း က သုံးပုံ တပုံ ကျော်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။