BBC navigation

ဘန်ကီယာဘဏ်ကို အရေးကူငွေ ထုတ်ပေး

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 00:55 GMT

ငွေကြေး အကြပ်ဆိုက်နေတဲ့ ဘန်ကီယာ ဘဏ်

စပိန်က ဘဏ္ဍာရေး အကြပ်အတည်း ဆိုက်နေတဲ့ ငွေကြေး အဖွဲ့အစည်းတွေကို ကယ်ဆယ်ဖို့ မတည်ထားတဲ့ ငွေတွေထဲကနေ နိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ဘန်ကီယာ ဘဏ်ကို အရေးပေါ် ကူညီငွေ ယူရို လေးဒဿမ ငါးဘီလီယံ ထောက်ပံ့ပေးဖို့ အတည်ပြုလိုက်ပါပြီ။

ဒီကူညီငွေဟာ ပြီးခဲ့တဲ့ သောကြာနေတုန်းက ထုတ်ပြန်ခဲ့တဲ့ ဘဏ်ရဲ့ ပထမခြောက်လ အရှုံးငွေ ပမာဏ အတိုင်းဘဲ ဖြစ်ပါတယ်။

စပိန်မှာ အိမ်ယာစျေးကွက် ပျက်သွားပြီးတဲ့နောက် အရှုံးပေါ်ခဲ့တဲ့ ဘဏ်ခုနှစ်ခုကို ပေါင်းပြီး ဘန်ကီယာ ဘဏ်ကို ၂ဝ၁ဝ ခုနှစ်တုန်းက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

စပိန်က စတုတ္တမြောက် အကြီးဆုံး ဘဏ် အန်ဒါလူစီယာက အရေးပေါ် ကူညီငွေ ယူရို တစ် ဒဿမ နှစ်ငါး ဘီလီယံ တောင်းခံခဲ့ပြီးတဲ့နောက် အခုလို ဘန်ကီယာ ဘဏ်ကို ကူညီငွေပေးဖို့ အတည်ပြုချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။