BBC navigation

လွတ်မြောက်လာတဲ့ မိုင်းလုပ်သားတွေ

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 00:48 GMT

မိုင်းတွင်း လုပ်သား ဆန္ဒပြသူတွေ

တောင်အာဖရိက နိုင်ငံမှာ မကြာသေးခင်က မိုင်းတွင်း အလုပ်သမားတွေ သပိတ်မှောက်ခဲ့ပြီးနောက် လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ မိုင်းလုပ်သား တွေကို တရားရုံးက ပြန်လွှတ်ပေး လိုက်ပါတယ်။

လူထုက မကျေမနပ် ဖြစ်နေကြတဲ့ မိုင်းတွင်း လုပ်သား ၂၇ဝ အပေါ် စွဲဆိုချက်ကို တရားရုံးက ပယ်ချလိုက်ပြီး ဥပဒေကြောင်းအရ စစ်ဆေးမေးမြန်းမှုကို ယာယီ ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။

လွတ်မြောက်လာတဲ့ မိုင်းလုပ်သားတွေကတော့ တရားရုံးက အထွက်မှာ သီချင်းတွေဆို ကခုန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လတုန်းက Marikana ပလက်တီနမ် မိုင်းလုပ်သားတွေ ဆန္ဒပြမှုမှာ ရဲက လူ၃၄ယောက်ကို ပစ်သတ်ခဲ့ပြီးနောက် အသားရောင် ခွဲခြားမှု ဖြစ်ပွားတုန်းက ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ မိုင်းလုပ်သားတွေကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

တောင်အာဖရိက တဝှမ်းက မိုင်းတွင်းတွေမှာ မငြိမ်မသက်မှုတွေ ဆက်လက် ပြန့်ပွားခဲ့ပြီး Johannesburg မြို့ အနောက်ပိုင်းက ရွှေမိုင်းတွင်း လုပ်သား တသောင်းနှစ်ထောင်လည်း တရားမ၀င် သပိတ်မှောက် နေကြတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။