BBC navigation

တောင်တရုတ် ပင်လယ်ကိစ္စ ပူးပေါင်း ဖြေရှင်းဖို့ ကလင်တန်ပြော

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 00:58 GMT

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

တောင်တရုတ် ပင်လယ် ရေပြင်ပိုင်နက် နဲ့ပတ်သက်လို့ အငြင်းပွားနေကြတဲ့ တရုတ်နဲ့ အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံတွေ အနေနဲ့ အတူတကွ အဖြေရှာ ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

အတင်းအကျပ် ခိုင်းစေတာ ၊ ခြိမ်းခြောက်တာနဲ့ ဖိအားပေးမှုတွေ မရှိဘဲနဲ့ သက်ဆိုင်ရာ နိုင်ငံတွေ ပူးပေါင်း ဖြေရှင်းသင့်တယ်လို့ အမေရိကန် အစိုးရ အနေနဲ့ ယုံကြည်ကြောင်း အင်ဒိုနီးရှား နိုင်ငံကို ရောက်ခိုက် မစ္စက် ကလင်တန်က ပြောသွားခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ကို ဒေသတွင်းက ဗီယက်နမ် ၊ ဖိလစ်ပိုင်နဲ့ တခြား နိုင်ငံတွေက သူတို့ပိုင်ကြောင်း ပြောနေချိန်မှာ တရုတ်က ကန့်ကွက်ပြီး အဲဒီ နေရာတွေဟာ သူတို့ အချုပ်အချာ အာဏာ လက်အောက်မှာ ရှိကြောင်း အခိုင်အမာ ဆိုနေတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။