BBC navigation

ကိုလံဘီယာသူပုန်နဲ့ အစိုးရ စေ့စပ်ဖို့ပြင်

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 01:13 GMT
farc

လွန်ခဲ့တဲ့ ၁၀ နှစ်က ငြိမ်းချမ်းရေး ကြိုးပမ်းမှု မအောင်မြင်တာကို ထောက်ပြ

ကိုလံဘီယာ က အကြီးဆုံး FARC သူပုန် အုပ်စုနဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ တိုင်ပင် နေကြပါတယ်။

ကိုလံဘီယာ သမ္မတ Juan Manuel Santos က ရုပ်မြင်သံကြားကနေ ပြောကြား ရာမှာ အနှစ် ၅ဝ နီးပါး ကြာနေပြီဖြစ်တဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ တကယ့် အခွင့်အလမ်းတရပ် ပေါ်လာပြီလို့ ပြောပါတယ်။

ဒုက္ခခံစားနေရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ ငြိမ်းချမ်းနိုင်ဖို့ အခွင့်အလမ်းဖြစ်ပေမယ့် တဘက်မှာလည်း ငြိမ်းချမ်းရေးက လွယ်လွယ်နဲ့တော့ မရနိုင်ဘူးဆိုတာကိုလည်း သူက ပြောပါတယ်။

သူပုန်အဖွဲ့ ခေါင်းဆောင် တီမို ချန်ကို လို့ လူသိများတဲ့ Rodrigo Londono ကလည်း ငြိမ်းချမ်းရေး မရအချင်း ဆွေးနွေးသွားမယ်လို့ ဗီဒီယိုနဲ့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က ငြိမ်းချမ်းရေး ကြိုးပမ်းမှု မအောင်မြင်တာကို ထောက်ပြပြီး အစိုးရအနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းဆီရောက်ဖို့ လူ့အသက်ပေါင်းများစွာကို ဘယ်လောက်များများ စတေးခဲ့ရသလဲဆိုတဲ့ မေးခွန်းကို သူပုန် ခေါင်းဆောင်က ထုတ်ခဲ့ပါတယ်။

သမ္မတ မစ္စတာ ဆန်းတို့စ်ရဲ့ အရင် အစိုးရလက်ထက် ၂၀၀၂ကနေ ၂၀၁၀ ထိမှာတော့ အစိုးရက သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နော်ဝေးနိုင်ငံမှာ နောက်လမှာ ကျင်းပမှာ ဖြစ်ပြီး အဲဒီကနေ ကူးဘားနိုင်ငံကို ကူးသွားပြီး ဆက်လက် ဆွေးနွေးမှာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။