BBC navigation

အိန္ဒိယကျောက်မီးသွေးတွင်းတွေ ရဲဝင်စီး

နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2012 - 15:59 GMT
India

ကျောက်မီးသွေး လုပ်ငန်း အတော်များများ စစ်ဆေး ခံနေရ

အိန္ဒိယ နိုင်ငံမှာ ကျောက်မီးသွေးတွင်း တွေ လုပ်ကွက်ချပေးတဲ့ ကိစ္စမှာ အဂတိ လိုက်စား မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှု တစိတ် တပိုင်း အရ ရဲတွေက မြို့ ဆယ်မြို့ မျာ စီးနင်း ရှာဖွေ မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ဒေလီ၊ မွန်ဘိုင်၊ ကာလ်ကတ္တား ၊ ပတ်တနာ၊ ဟိုက်ဒရာဘတ် မြို့ကြီး တွေအပါအဝင် တခြားမြို့ကြီးတွေမှာ အခုလို စီးနင်းမှုတွေ လုပ်ခဲ့တယ်လို့ စီဘီအိုင် ထောက်လှမ်းရေး အဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တချို့ ကုမ္ပဏီ တွေဟာ အစိုးရက လုပ်ကွက် ချပေးအောင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ် နိုင်လောက်တဲ့ အခြေအနေမှာ ရှိနေသယောင် လိမ်လည် ပြသခဲ့ကြ ပြီး နောက်ပိုင်းမှာ ရလာတဲ့ လုပ်ကွက်တွေကို အမြတ်တင် ပြန်ရောင်းချ ခဲ့ကြတယ်လို့ မီဒီယာတွေရဲ့ သတင်းပို့ချက်တွေ ၊စွပ်စွဲမှုတွေအရ အခုလို စုံစမ်း စစ်ဆေး နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရ အရာရှိတွေနဲ့ ကုမ္ပဏီ ဝန်ထမ်း တွေပါမကျန် ရဲတွေက စုံစမ်း စစ်ဆေး နေကြပါတယ်။

စုံစမ်း စစ်ဆေးရေး ဗဟို ဌာနက ကျောက်မီးသွေးတွင်း ကုမ္ပဏီ ၅ ခုအပေါ် အမှု စွဲတင် ထားပြီး အဲဒီ ကုမ္ပဏီက အလုပ် သမား အတော် များများကို စွဲချက် တင်ထား တယ်လို့ ပြောပါတယ်။

ကျူးလွန်မျုတွေ ထဲမှာ စွပ်စွဲခံရတဲ့ အထဲမှာ ပြစ်မှု မြောက်တဲ့ ပူးပေါင်း ကြံစည်မှုနဲ့ မသမာမှုတွေ ပါဝင် ပါတယ်။

မကြာသေးခင်က ထွက်လာတဲ့ အစိုးရ စာရင်းစစ် တွေရဲ့ အစီရင်ခံစာထဲမှာ ကျောက်မီးသွေးတွင်း တွေကို စျေးပေါပေါနဲ့ ရောင်းချခဲ့တဲ့ အတွက် အိန္ဒိယ နိုင်ငံ အနေနဲ့ ဒေါ်လာ ဘီလျံ သုံးဆယ်ကျော် ဆုံးရှုံး ခဲ့တယ်လို့ ပြောထား ပါတယ်။

အဓိက အတိုက်အခံ BJP ပါတီက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေပါတယ်။

အစိုးရ စာရင်းစစ် တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးချုပ် မာမိုဟန်ဆင်းရဲ့ နာမည်ကို မထည့်ထား ခဲ့ပေမယ့် ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ် တွေအတွင်းက ကုမ္ပဏီတွေကို ကျောက်မီးသွေး တူးဖော်ခွင့်တွေ ချပေးခဲ့စဉ်က ကျောက်မီးသွေး ဌာနက မာမိုဟန်ဆင်းရဲ့ လက်အောက် မှာ ရှိနေခဲ့တာ ဖြစ်လို့ အခု အတိုက်အခံ ဖြစ်တဲ့ ဘီဂျေပီ ပါတီက ခေါင်းဆောင် တွေက ဝန်ကြီးချုပ်ကိုတောင် နုတ်ထွက် ခိုင်းနေတာ ဖြစ်ပါတယ်။

သူကတော့ တစုံတရာ အမှား အယွင်း မလုပ်ခဲ့ဘူးလို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။