BBC navigation

ကနေဒါ ကွိဘက်မှာ သေနတ်ပစ်မှု ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 16:48 GMT

ပြည်နယ်ဝန်ကြီး ချုပ်သစ် ပေါ်လင်း မာဝါး ကို လုံခြံရေးတွေက စင်မြင့်ပေါ်ကနေ ကသုတ်ကရက် ဆွဲခေါ်သွားခဲ့ရပါတယ်။

ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ်မှာ အရွေးကောက်ခံ ပြည်နယ်ဝန်ကြီးချုပ်သစ်ရဲ့ အောင်ပွဲခံ မိန်းခွန်းပြောကြားနေတုန်း သေနတ်သမားတဦးက လူအုပ်ထဲကို ပစ်ခတ်ခဲ့လို့ လူ ၁ ဦးသေဆုံးခဲ့ပြီး လူအများအပြား စိုးရိမ်ဖွယ် ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

မိန်းခွန်းပြောကြားနေတုန်း အခုလို ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ပြည်နယ်ဝန်ကြီး ချုပ်သစ် ပေါ်လင်း မာဝါး ကို သူ့ရဲ့ သက်တော်စောင့်တွေက စင်မြင့်ပေါ်ကနေ ကသုတ်ကရက် ဆွဲခေါ်သွားခဲ့ရပါတယ်။

အခုပစ်ခတ်မှုမှာ မျက်မြင်သက်သေ ၁၅ ဦး လောက်ရှိကြောင်း၊ သေနတ်သမားလို့ သံသယရှိသူ အသက် ၅၀ နီးပါးရှိသူ တဦးကိုလည်း ဖမ်းဆီးပြီး စုံစမ်း စစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ကွိဘက်ပြည်နယ် ရဲဌာနရဲ့ ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

ပြစ်သစ်စကားကို အဓိကထားပြောတဲ့ ကနေဒါရဲ့ ပြည်နယ်အစိတ်အပိုင်းကို ကနေဒါနိုင်ငံကနေ ခွဲထွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုနေတဲ့ အချိန်အတွင်းမှာပဲ သေနတ်ပစ်သံတွေ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။