BBC navigation

ထောက်လှမ်းရေးအကြီးအကဲကို လစ်ဗျားထံ လွှဲပြောင်း

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 16:48 GMT

ကွယ်လွန်သူ ဗိုလ်မှူးကြီး ကဒါဖီလက်အောက်မှာ အမှုထမ်းခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဆန်နူစီ

ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီရဲ့ လက်အောက်မှာ ထောက်လှမ်းရေး အကြီးအကဲအဖြစ် အမှုထမ်းခဲ့တဲ့ဖူးတဲ့ အဗ္ဗဒူလာ အယ်လ် ဆန်နူစီ ကို လစ်ဗျားအာဏာပိုင်တွေလက်ထဲ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်တယ်လို့ မော်ရီတေးနီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ ၆ လ တုန်းက မော်ရီတေးနီးယား မှာ ဖမ်းမိခဲ့ပြီးတဲ့နောက်မှာ လစ်ဗျား အာဏာပိုင်တွေက သူကို့ လွှဲပြောင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆို ခဲ့ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ လက်အောက်မှာ အမှုထမ်းခဲ့စဉ်က မတရားပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူကို့ လစ်ဗျားအစိုးရက အလိုရှိနေတာပါ။

အလားတူပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြင် လူမျိုးတုံး သတ်ဖြစ်မှု စတဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ် ခုံရုံးနဲ့ ပြင်သစ်နိုင်ငံတို့က သူ့ကို အလိုရှိနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။