BBC navigation

မိုင်းတွင်းသပိတ် အတိုက်အခံ မီးထိုး

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 00:48 GMT
south africa

တောင်းဆိုထားတဲ့ လစာ ရတဲ့ထိ အလုပ် မဆင်းသင့်

တောင် အာဖရိက အလုပ်သမား သပိတ် တွေနဲ့ မိုင်းတွင်း တွေကို ထိန်းချုပ်လို့ မရအောင် လုပ်ကြဖို့ ပြင်းထန်တဲ့ တက်ကြွ လှုပ်ရှားသူ ဂျူးလီးယက်စ် မလီးမာက ထပ်ပြီး နှိုးဆော် လိုက်ပါတယ်။

သူဟာ ဆူပူမှုကို အားပေးတာ မဟုတ်ပေမယ့် မိုင်းတွင်း လုပ်သားတွေ တောင်းဆိုထားတဲ့ လစာ ရတဲ့ထိ အလုပ် မဆင်းသင့်ဘူးလို့ မလီးမာက ဘီဘီစီကို ပြောကြား ပါတယ်။

သပိတ် သမား ၃၄ ယောက်ကို အရင်လက ရဲက ပစ်သတ် လိုက်တဲ့ မာရီကာနာ ပလက်တီနမ် မိုင်းတွင်းကို မစ္စတာ မလီးမာ ကနေ့ သွားလိမ့်မယ်လို့ မှန်းထားကြ ပါတယ်။

အေအင်စီ လူငယ် ခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဂျူးလီးယက်စ် မလီးမာ ကို အာဏာရ အာဖရိက အမျိုးသား ကွန်ဂရက်က ဒီနှစ်ဆန်းပိုင်းက ထုတ်ပယ် ထားပါတယ်။

မလီးမာဟာ သူ့ နိုင်ငံရေး အမြတ် အတွက် အလုပ်သမား မငြိမ်သက်မှု တွေကို အကြောင်းရှာ နေတယ်လို့ ဝေဖန် ခံနေရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။