BBC navigation

ယူရို ဂယက် စတော့ စျေးကွက် ထိုးတက်

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 01:46 GMT
stock

နယူးယော့ ရှယ်ယာစျေး လေးနှစ် တွင်း အမြင့်ဆုံး တက်

ယူရိုဇုန် ကြွေးမြီ အကျပ်အတည်း ဖြေရှင်းဖို့ ဥရောပ ဗဟိုဘဏ်က အစီအစဉ် ကြေညာ လိုက် ပြီးနောက် ဥရောပနဲ့ အမေရိက က စတော့ စျေးတွေ ထိုးတက် သွားခဲ့ပါတယ်။

နယူးယော့မှာ ဒေါင်းဂျုံး အစုရှယ်ယာစျေး တွေ လေးနှစ် တွင်းမှာ အမြင့်ဆုံး နှုန်းထိ တက်သွားခဲ့တာပါ။

ငွေတိုးနှုန်း မတန်တဆ ပိနေတဲ့ စပိန်နဲ့ အီတလီလို နိုင်ငံ တွေဆီက ငွေစု စာချုပ် တွေ ဝယ်နိုင်အောင် အစီအစဉ် သစ်က လုပ်ပေးမှာပါ။

ဒါမှ ဒီနိုင်ငံ တွေ အသက်ရှူပေါက်ရပြီးငွေဝင်လမ်း ပွင့်လာမှာပါ။

ဥရောပ ဗဟိုဘဏ်ရဲ့ ကြေညာချက်ကို အီတလီ ဝန်ကြီးချုပ် မာရီယို မွန်တီက ကြိုဆို ခဲ့ပေမယ့် စိုးရိမ်စရာ ခြေလှမ်း အဖြစ် ဂျာမနီ ဗဟိုဘဏ် ဥက္ကဋ္ဌက မှတ်ချက်ပေးပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့ ဥရောပ သမဂ္ဂ တို့က ဟန်ဂေရီကို ဒေါ်လာ ၁၉ သန်း အသစ် ထုတ်ချေးမယ့် စည်းကမ်း သတ်မှတ်ချက် တွေကို ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ပယ်ချ ခဲ့ပါတယ်။

ချေးငွေ သတ်မှတ်ချက် တွေက လက်မခံ နိုင်စရာလို့ မစ္စတာ အော်ဘန်းက ဖေ့စ်ဘွတ် လူမှု စာမျက်နှာမှာ ပြောကြား ခဲ့ပါတယ်။

ဒီသတ်မှတ်ချက် တွေထဲမှာ ပင်စင် လစာ ဖြတ်တောက်မှုတွေနဲ့ ဘဏ်တွေအပေါ် အခွန်ကောက် တာကို ရုပ်သိမ်း ခိုင်းတာ တွေပါပါတယ်။

ချေးငွေ လျှောက်ထားချက် အသစ် တစောင်ကို ဟန်ဂေရီ အစိုးရက မကြာခင် တုံ့ပြန် တင်သွင်းမယ် လို့လဲ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။