BBC navigation

ဘာသာရေး စော်ကားမှုနဲ့ ဖမ်းဆီးခံရသူ ပြန်လွတ်

နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2012 - 15:15 GMT

ခရစ်ယာန်တွေကတော့ ဘာသာရေး ခွဲခြားမှု မလုပ်ဖို့ ဆန္ဒပြခဲ့ကြ

ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်ဘာသာကို စော်ကား တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ မိန်းကလေးငယ်ကို တရားရုံးကနေ အာမခံနဲ့ ပြန်လွှတ်ပေးလိုက် ပါတယ်။

ဆယ်ကျော်သက်အရွယ် ရမ်ရှာ မာဆီ ဆိုသူ အဲဒီမိန်းကလေးကို မူဆလင်တို့ရဲ့ ဘာသာရေး အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်က စာရွက်တွေကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေ နဲ့ ၃ ပတ်ကြာ ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးပြီး နောက်ပိုင်းမှာတော့ အဲဒီဒေသက မူဆလင် ဘာသာရေး ဆရာ တဦးကို ဘာသာရေး စော်ကားမှုနဲ့ စွပ်စွဲခဲ့ပါတယ်။

အဲဒီ ဘာသာရေးဆရာဟာ ကိုရမ်ကျမ်းစာအုပ်က စာရွက်တွေကို ဖြဲပြီး မိန်းကလေး လွယ်အိတ်ထဲ ထည့်နေတာကို သူတို့ အားလုံး မြင်တွေ့ လိုက်ရတဲ့ အကြောင်း မျက်မြင် သက်သေတွေက အစိုးရ ရှေ့နေတွေကို သက်သေထွက်ဆို ပါတယ်။

အစ္စလာမ်မာဘတ်နဲ့ ရာဝဲလ်ပင်ဒီ ဒေသ ရိုမန်ကက်သလစ် ဂိုဏ်းအုပ်ဆရာ Rufin Anthony ကလည်း အခုလို မိန်းကလေးကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် အခုဆိုရင် ခရစ်ယာန်တွေ အနေနဲ့ တရားမျှတမှု ရှိတယ်ဆိုတာကို ခံစားနိုင်ပြီလို့ ပြောပါတယ်။

မိန်းကလေးငယ်ကို ဖမ်းဆီးခဲ့မှု အတွက် ပါကစ္စတန်မှာ တင်းကျပ်စွာ အသုံးပြုနေတဲ့ ဘာသာရေး စော်ကားမှု ဆိုင်ရာ ဥပဒေကို အလွဲ သုံးစား လုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။