BBC navigation

ကမ္ဘာ့ စီးပွားရေး ပြန်နလန်ထူဖို့ တရုတ်ကတိပြု

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 15:31 GMT

ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် ပြည်တွင်း ဝယ်လိုအား ကောင်းအောင် ကြိုးစား ဆောင်ရွက်ပေးမယ်

တရုတ်သမ္မတ ဟူချင်တောင်က ကမ္ဘာ့ စီးပွားရေး ပြန် နလန်ထူလာရေးကို အထောက်အကူ ပြုနိုင်ဖို့ အတွက် ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား ဒုတိယ အကြီးဆုံးဖြစ်တဲ့ တရုတ်စီးပွားရေး ကြီးထွား လာနေမှုကို ဆက်လက် ထိန်းထားမှာ ဖြစ်တယ်လို့ ကတိပေး ပြောကြားသွားပါတယ်။

ရုရှားနိုင်ငံ ဗလာဒီ ဗော့စတော့ မှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ် ထိပ်သီး အစည်းအဝေးမှာ တရုတ်သမ္မတက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ် စီးပွားရေးမူဝါဒတွေကို တည်ငြိမ်နေအောင်နဲ့ ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် ပြည်တွင်းဝယ်လိုအား ကောင်းအောင် ကြိုးစား ဆောင်ရွက် ပေးမယ်လို့ လည်း မစ္စတာ ဟူက ပြောကြားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကတော့ ပစိဖိတ်ဒေသမှာ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဖြစ်လာရေး အတွက် ဒေသတွင်း နိုင်ငံတွေ အနေနဲ့ အတားအဆီးတွေကို ပိုမို ဖယ်ရှားပေးဖို့ တိုက်တွန်း သွားပါတယ်။

ရုရှားအနေနဲ့ စီးပွားရေး လုပ်ငန်း ကွင်းဆက်တွေ အတွက် အကန့်အသတ် ဖြစ်နေတဲ့ စစ်အေးခေတ် ဥပဒေတွကို ဖယ်ရှားပေးပြီး အမေရိကန်နဲ့ ကုန်သွယ် မှု ဆိုင်ရာ ဆက်ဆံရေး ပုံမှန် ပြန်လုပ်ဖို့ အမေရိကန်ဘက်က ဆန္ဒရှိနေတယ် လို့လည်း မစ္စစ်ကလင်တန်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။